Connect with us

Politics, Law & Military

အာရှတိုက် ရှိ ပြည်သူလူထု များ က တည်ငြိမ်အေးချမ်းမှု ရှိသည့် ဒေသ ဖြစ်တည်ရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံ သမ္မတ ပြောကြား

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် အား အာရှ ယဉ်ကျေးမှု ဖလှယ်ရေးညီလာခံ (CDAC) ကြိုဆိုပွဲ အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် က အာရှတိုက် ရှိ ပြည်သူလူထု များ က တည်ငြိမ်အေးချမ်းမှု ရှိသည့် ဒေသ ဖြစ်တည်ရန် မျှော်လင့်ကြောင်း ယနေ့မေ ၁၅ ရက်တွင် ကျင်းပပြုလုပ်သည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ (CDAC)၏ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ က တည်ငြိမ်အေးချမ်းမှု ကို ထိန်းသိမ်းခြင်း သည် နိုင်ငံ အားလုံး က တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း ၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲ အငြင်းပွားမှုများ အဆက်မပြတ် ဖြစ်ပွားခြင်း ကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ပါက စီးပွားရေး တိုးတက်မှု ၊ လူနေမှုအဆင့်အတန်း ပိုမိုကောင်မွန်လာမှု ၊ လူအသိုင်းအဝိုင်း တည်ငြိမ်မှု နှင့် လူထု အကြား ဖလှယ်မှု တို့က ရရှိနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အာရှတိုက်ရှိ နိုင်ငံ အသီးသီး မှ ပြည်သူလူထု တို့ က ထိတ်လန့်မှုများ နှင့် ဝေးကွာလိုပြီး တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်မှု နှင့် နေရာအနှံ့လုံခြုံမှု ရှိခြင်း ကို မျှော်လင့်ကြောင်း ၊ နိုင်ငံအသီးသီး အနေဖြင့် အပြန်အလှန် လေးစားမှု ၊ ယုံကြည်မှု နှင့် ငြိမ်းချမ်းစွာ ဆက်ဆံ ကြရန် မျှော်လင့်ကြောင်း ၊ နိုင်ငံဖြတ်ကျော် ၊ အချိန်ကာလ ဖြတ်ကျော် ၊ ယဉ်ကျေးမှု ဖြတ်ကျော် ဖလှယ်မှုများ ကို တိုးချဲ့ဆောင်ရွက်ပြီး ရွှေထက် တန်ဖိုးကြီးမား သည့် ငြိမ်းချမ်းသော အချိန်ကာလ ကို အတူတကွ ထိန်းသိမ်းသွားကြရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.