Connect with us

Politics, Law & Military

ကမ္ဘာ့ မီဒီယာထိပ်သီးအစည်းအဝေး ဦးဆောင်သူများ တွေ့ဆုံပွဲတွင် မီဒီယာ ဆန်းသစ်တီထွင်ရေး ဆင်ဟွာ ဥက္ကဋ္ဌ တိုက်တွန်း

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ မီဒီယာထိပ်သီးအစည်းအဝေး (WMS) အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသည့် ဆင်ဟွာ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းရှိ မီဒီယာအဖွဲ့အစည်းများအနေဖြင့် နည်းပညာသစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် Application များကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့မီဒီယာ အခင်းအကျင်းတွင် ကြီးကျယ်လှသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ရန် ဆန်းသစ်တီထွင်မှုတွင် တက်ကြွစွာ လုပ်ဆောင်သွားကြရန် ကမ္ဘာ့ မီဒီယာထိပ်သီးအစည်းအဝေး (WMS) ၏ အမှုဆောင် ဥက္ကဋ္ဌနှင့် ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်က တိုက်တွန်းပြောကြားလိုက်သည်။

ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော WMs ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး၌ ချိုင့်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံ ၁၁ နိုင်ငံ မီဒီယာအဖွဲ့အစည်း ၁၃ ဖွဲ့ဖြစ်သော Agence France-Presse (AFP), Al Jazeera Media Network, the Associated Press, BBC, Kyodo News, Naspers South Africa, Reuters, Folha de S. Paulo Press Group of Brazil, International News Agency and Radio Sputnik, TASS Russian News Agency, the Hindu Group, Xinhua နှင့် ANSA တို့ တက်ရောက်ခဲ့ကြသည်။

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ မီဒီယာထိပ်သီးအစည်းအဝေး (WMS) အစည်းအဝေးသို့ တက်ရောက်လာသည့် မီဒီယာအဖွဲ့များမှ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ) 

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ မီဒီယာထိပ်သီးအစည်းအဝေး (WMS) အစည်းအဝေးသို့ တက်ရောက်လာသည့် မီဒီယာအဖွဲ့များမှ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ) 

အစည်းအဝေးအတွင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ ချိုင့်က မီဒီယာအခင်းအကျင်းတွင် ပြောင်းလဲမှုများသည် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးများက မီဒီယာအခင်းအကျင်းကို အသွင်ပြောင်းစေခြင်း၊ မိုဘိုင်းဖုန်းသုံးစွဲသူများ စီးပွားရေး ဆက်သွယ်ရေးနယ်ပယ်၌ အဓိကနေရာရောက်ရှိလာခြင်း၊ နည်းပညာ ပြောင်းလဲတိုးတက်မှုက သတင်းလုပ်ငန်းတွက် စီးပွားရေးပုံစံသစ် ဖြစ်လာခြင်း၊ သတင်းတုတင်ခြင်းများက သတင်းစာပညာကျင့်ဝတ်ကို စိန်ခေါ်ခြင်း စသည့် ကဏ္ဍလေးရပ်၌ အဓိက ထင်ဟပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ် မီဒီယာအနေဖြင့် ရှေးရိုးအစဉ်အလာနှင့် မီဒီယာသစ်တို့ ပေါင်းစည်းရေးအဆင့်မြှင့်တင်ရန်၊ သတင်းဖြန့်ဖြူးမှု အချိတ်အဆက်များအားလုံး စနစ်တကျ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်စေရန်နှင့် မီဒီယာ ပေါင်းစည်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို နားလည်သဘောပေါက်စေရေး အပြင်းအထန်ကြိုးစားကြရန် ချိုင့်က အဆိုပြုခဲ့ကြောင်း သိရသည်။

“မီဒီယာ ပြုပြင်ပြောင်းလဲမှု ရေစီးကြောင်းများရှိနေတဲ့ကြားက ဒီမြစ်ကြီးရဲ့စီးဆင်းမှုကို ကျွန်တော်တို့ နောက်ပြန်လှည့်လို့မရပါဘူး။ စီးဆင်းမှုနဲ့အတူ လိုက်ပါသွားဖို့သာပဲရှိပါတယ်။ ဆန်းသစ်တီထွင်မှုအကြောင်း သိအောင်ဖန်တီးယူပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အဆိုပြုချက်ကို လုပ်ဆောင်ပါ” ဟု ချိုင့်မင်ကျောက်က ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.