Connect with us

Politics, Law & Military

တရုတ်-အိန္ဒိယ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကောင်းမွန်အောင် ကျင်းပ ရန် နှစ်နိုင်ငံ ခေါင်းဆောင် ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ တို့ က နိုဝင်ဘာ ၁၃ ရက် တွင် ဘရာဇီး နိုင်ငံ ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘရာဇီးလီးယား ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ တို့ က နိုဝင်ဘာ ၁၃ ရက် တွင် ဘရာဇီး နိုင်ငံ ဘရာဇီးလီးယား မြို့ ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လတ်တလော ကာလ အတွင်း မိမိ နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် တို့ က အိန္ဒိယ နိုင်ငံ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ခဲ့ပြီး လက်ရှိ နိုင်ငံတကာ နှင့် ဒေသ တွင်း အခြေအနေ နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အရေးပါသော ကိစ္စရပ်များ အား နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ပြီး ကောင်းမွန်စွာ ဆွေးနွေးခဲ့ကြကြောင်း ၊ လွန်ခဲ့သည့် အပတ် တွင်လည်း အိန္ဒိယ နိုင်ငံ မှ အဓိက ဧည့်သည်တော် နိုင်ငံ အနေဖြင့် ဒုတိယ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ(CIIE) ကိုတက်ရောက် ခဲ့ပြီး  အိန္ဒိယ နိုင်ငံ က ပြပွဲ တွင်  ရောင်းဝယ်မှု အများဆုံး ပြုလုပ်နိုင်ခဲ့သည့် နိုင်ငံ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု အသစ် များအား တိုးချဲ့ ဆောင်ရွက်သွားပြီး အတူတကွ လာမည့်နှစ် တွင် ကျရောက်မည့် “တရုတ်-အိန္ဒိယ လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး နှစ်” နှင့် တရုတ်-အိန္ဒိယ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကို ကောင်းမွန်အောင် ကျင်းပ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အတူတကွ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ ရပ်တည်သွားပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ကို အဓိက ထားသော နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ် ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ အတူတကွ ဖွံ့ဖြိုးဆဲ နိုင်ငံ များ ၏ မှန်ကန်သော ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး ကို ထိန်းသိမ်းသွားပြီး BRICS ပူးပေါင်းဆောင်ရွက်မှု အား တည်ငြိမ်စွာ ရေရှည်ဆောင်ရွက်သွားရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ တို့ က နိုဝင်ဘာ ၁၃ ရက် တွင် ဘရာဇီး နိုင်ငံ ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က မိမိ အနေဖြင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နှင့် အနီးကပ် ဆွေးနွေးဖလှယ်မှု ကို ထိန်းသိမ်းသွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ဆက်တက်လှမ်း အောင် ဆောင်ရွက် ကာ နိုင်ငံရေး အရ အပြန်အလှန်ယုံကြည်မှု အား တိုးမြှင့်အောင် ဆောင်ရွက်သွားလိုကြောင်း ၊ သသောထား ကွဲလွှဲမှု အား ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းသွားပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ ဆောင်ရွက်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်သွားလိုကြောင်း ၊ ၂၀၂၀ ခုနှစ် က မကြာမီ ရောက်ရှိတော့မည် ဖြစ်ပြီး လာမည့်နှစ် တွင် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မှ တရုတ် နိုင်ငံ သို့ လာရောက် ၍ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း အထူး ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ က လတ်တလော ကာလ အတွင်း ပြုလုပ် ခဲ့သည့် တွေ့ဆုံဆွေးနွေးမှု နှစ်ရပ် က ယုံကြည်မှု နှင့် ချစ်ကြည်ရေး အား ပိုမို နက်ရှိုင်းစေခဲ့ကြောင်း ၊ မိမိ တို့အနေဖြင့် အရေးပါသော သဘောတူညီချက်များစွာ ရရှိနိုင်ခဲ့ပြီး လက်ရှိချိန် တွင် လက်တွေ့ အကောင်အထည် ဖော်မှုများ ဆောင်ရွက်နေကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အပြန်အလှန် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ကို အဆက်မပြတ် တိုးချဲ့ သွားလိုပြီး စွမ်းအင် စသည့် ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားကာ အတူတကွ လာမည့်နှစ် တွင် ကျရောက်မည့် “တရုတ်-အိန္ဒိယ လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး နှစ်” နှင့် တရုတ်-အိန္ဒိယ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကို ကောင်းမွန်အောင် ကျင်းပ နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ နှင့် အနီးကပ် ဆက်ဆံမှု အား ဆက်လက် ထိန်းသိမ်း သွားလိုပြီး သဘောထား ကွဲလွှဲမှု အား ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းသွားကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို များပြားသည် အောင်မြင်မှု ရရှိရန် နှင့် အဆက်မပြတ် ပိုမို မြင့်မားသည့် အဆင့် သို့ ရောက်ရှိရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117