Politics, Law & Military
ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပ၌တွေ့ဆုံခဲ့သည့် တရုတ်ဝန်ကြီးချုပ် နှင့် အမေရိကန်သမ္မတ
နယူးယောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ပြင်ပ၌ အမေရိကန်သမ္မတ အိုဘားမား နှင့် စက်တင်ဘာ ၁၉ ရက်က သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
လီ နှင့် အိုဘာမားတို့သည် ယခင် အပတ်အစောပိုင်းက စတင်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) သို့ တက်ရောက်လာခဲ့ကြခြင်းဖြစ်သည်။
စက်တင်ဘာလ အစောပိုင်းတွင်လည်း လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် ၁၁ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံသို့ လီနှင့်အိုဘားမားတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လီသည် နယူးယောက်မြို့တွင် နေထိုင်စဉ်အတွင်း ဘန်ကီမွန်းနှင့်တွေ့ဆုံသွားမည့်အပြင် အခြား နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးပြောဆိုသွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)