Connect with us

Politics, Law & Military

တရုတ်နှင့် ပြင်သစ် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Marc Ayrault တို့ အဖွဲ့ တွေ့ဆုံ ဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Marc Ayrault တို့သည် နယူးယောက်မြို့၌ စက်တင်ဘာလ ၁၈ ရက် ဒေသစံတော်ချိန် ညပိုင်းက တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်အဖြစ် တရုတ်နှင့် ပြင်သစ်နိုင်ငံတို့သည် နိုင်ငံတကာ ကိစ္စရေးရာများ၌ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းရန် ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

၇၁ ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ပြင်သစ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံသည် လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ ဟင်ကလေ နျူကလီးယား စက်ရုံ တည်ဆောက်ရေး လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ အနေဖြင့် ပြင်သစ်နှင့် ပူးပေါင်းဆောင်ရွက်သည့် တတိယ အဖွဲ့ဝင်အဖြစ် ပါဝင် နေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် G20 ထိပ်သီး အစည်းအဝေးအား နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့တွင် အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဂုဏ်ယူကြောင်း Ayrault က ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ အနေဖြင့်လည်း အဆင့်မြင့် ဖလှယ်ခြင်းဆိုင်ရာ ကဏ္ဍများတွင် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအား ဆက်လက် ထိန်းသိမ်းသွားလိုကြောင်းနှင့် ထိုသို့ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်နိုင်ငံ ဆက်ဆံရေး ထိန်းသိမ်းခြင်းအားဖြင့် တတိယ ဈေးကွက်များ၌ နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယား ကိစ္စ၊ ရာသီဥတု ပြောင်းလဲခြင်း၊ ဆီးရီးယား၊ အစ္စရေးနှင့် ပါလက်စတိုင်း အရေးများအပေါ် အမြင်များအား နှစ်ဦးနှစ်ဘက် ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.