Politics, Law & Military
ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ နမီးဘီးယား နိုင်ငံများသို့ တရုတ် ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ သွားမည်
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ (Zhang Gaoli ) သည် ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်နှင့် နမီးဘီးယား စသည့် နိုင်ငံများသို့ သြဂုတ်လ ၂၁ ရက်မှ ၂၉ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံမှ သိရသည်။
ကျန်းသည် ဆော်ဒီအာရေဗျနိုင်ငံတွင် ရှိနေစဉ် တရုတ်နှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးညှိနှိုင်းရေး အဆင့်မြင့် ဦးစီးကော်မတီ ဒုတိယအကြိမ်မြောက် အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ပြောကြားခဲ့သည်။ (Xinhua)