Connect with us

Politics, Law & Military

တရုတ်ဒုဝန်ကြီးချုပ်က တရုတ်-နီပေါ ရိုးရာဆေးပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ပြောကြား

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဝမ်းယန် (ယာ) နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Pushpa Kamal Dahal (ဝဲ) တို့ မတ်လ၂၆ ရက်က ပေကျင်း၌တွေ့ဆုံစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ဝမ်းယန် က တရုတ်နိုင်ငံ နှင့် နီပေါနိုင်ငံ တို့သည် ရိုးရာဆေးပညာ နည်းလမ်းများ နှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်သွားရန် သြဂုတ် ၁၆ ရက်က ပြောကြားခဲ့သည်။

ဝမ်းက တရုတ်နိုင်ငံက ကမကထပြုလုပ်ပေးခဲ့သည့် ခတ္တမန္ဒူမြို့ရှိ နီပေါရိုးရာဆေးပညာ ရှာဖွေလေ့လာ လေ့ကျင့်ရေး စင်တာ သို့ အလည်အပတ်ရောက်ရှိစဉ် ယင်းသို့ မှတ်ချက်စကားပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နှင့် နီပေါနိုင်ငံ နှစ်နိုင်ငံလုံးသည် ရိုးရာဆေးပညာနှင့် ပတ်သက်၍ ရှည်လျားသည့် သမိုင်းကြောင်းများရှိခဲ့ကြောင်း၊ နီပေါနိုင်ငံသည် တရုတ်နိုင်ငံ နှင့် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် နီပေါနိုင်ငံသားများအတွက် အကျိုးအမြတ်များဖြစ်ထွန်းစေရန် တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံ ၏ ဆေးပညာနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ၎င်း၏ ထောက်ပံ့မှုများကို ပိုမို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်းသည် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဘီဂျေကူးမားဂါချဟာဒါ နှင့် သြဂုတ် ၁၅ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

ထို့အပြင် သြဂုတ် ၁၅ ရက်၌ ဝမ်းသည် နီပေါနိုင်ငံ ကွန်မြူနစ်ပါတီ (CPN Maoist Center) ဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Pushpa Kamal Dahal နှင့် လည်းကောင်း၊ CPN-UML ပါတီ ဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Khadga Prasad Oli တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.