Politics, Law & Military
ဂျပန် ဘုရင်သစ်အဖြစ် ထီးနန်းဆက်ခံမှုအပေါ် နာရူဟီတိုအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဘုရင်သစ်အဖြစ် ထီးနန်းဆက်ဆံသော နာရူဟီတို (Naruhito) ထံ မေလ ၁ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုရှိသော နီးကပ်သည့် အိမ်နီးချင်းများဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တောက်ပသောအနာဂတ်တစ်ခုဆီသို့ ရှေးရှုကာ လုပ်ဆောင်ရန် ပူးတွဲအားထုတ်မှုများ လုပ်သင့်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။
ရှီသည် ဘုရင်သစ်၏ ခမည်းတော် နန်းစွန့်ဘုရင် အာကိဟီတို (Akihito) ထံလည်း နှုတ်ခွန်းဆက်ခြင်းနှင့် ဆန္ဒမွန်များ ဖော်ပြထားသည့် သီးခြားသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ (Xinhua)