Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးတွဲရေတပ်လေ့ကျင့်ရေး ကျင်းပရန်ရှိ

တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် တရုတ်ရေတပ်သင်္ဘောတစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ကျန်ကျန့်၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ရေတပ်တို့သည် Blue Commando-2019 ဟုအမည်ပေးထားသော ပူးတွဲလေ့ကျင့်ရေးတစ်ခုအား မေလ ၂ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းရေတပ် သင်္ဘောများမှာ မေလ ၁ ရက်က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်တောင်ပိုင်း ကျန်ကျန့် ဆိပ်ကမ်းမြို့သို့ ဆိုက်ရောက်လာခဲ့ကြသည်။

အဆိုပါ သင်္ဘောများအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Southern Theater Command ရေတပ်မှ ကြိုဆိုခဲ့ကြသည်။

တရုတ်နှင့် ထိုင်းရေတပ် သင်္ဘောများနှင့် မရိမ်းတပ်ဖွဲ့များက ရေတပ်သင်္ဘောစု ကာကွယ်ခြင်း၊ ကမ်းတက်စစ်ဆင်ခြင်း၊ တိုက်ပွဲဆင်နွှဲပုံလေ့ကျင့်ခြင်း ၊ ရေကြောင်းကယ်ဆယ်ခြင်း စသည်တို့အား လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ပြီး မြေပြင်ရော ရေပြင်တွင်ပါ ပြုလုပ်မည်ဖြစ်သည်။ (Xinhua)