Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကုလသမဂ္ဂအား အခိုင်အမာ တက်တက်ကြွကြွ ထောက်ခံလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်အား တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

ယခုနှစ်အတွက် အဖွဲ့ဝင်ကြေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် သတ်မှတ်ငွေများ အပြည့်အဝထည့်ဝင်ခဲ့ခြင်းအားဖြင့် ကုလသမဂ္ဂအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှုသည် ခိုင်မာလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က မေ ၈ ရက်တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ၏ ဘဏ္ဍာရေးအခြေအနေဆိုင်ရာ အထွေထွေညီလာခံတွင် စီမံခန့်ခွဲမှု မဟာဗျူဟာ၊ မူဝါဒနှင့် လိုက်လျောညီထွေရှိမှုဆိုင်ရာ  ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် Catherine Pollard က မကြာသေးမီက ပြောကြားခဲ့သည်။ ၎င်း၏အစီရင်ခံစာအရ တရုတ်နိုင်ငံအပါအဝင် အဖွဲ့ဝင် ၄၃ နိုင်ငံက ၂၀၂၀ ပြည့်နှစ်အတွက် နှစ်စဉ်ကြေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် သတ်မှတ်ငွေများကို အပြည့်အဝ ပေးသွင်းခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂအနေဖြင့် ငွေကြေးလည်ပတ်မှုဆိုင်ရာနှင့် အချို့အဖွဲ့ဝင်များ၏ ကြွေးကျန်များ အပါအဝင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်ကို ဒုတိယအများဆုံး ထည့်ဝင်သူဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံက ကုလသမဂ္ဂသို့ ပေးဆောင်ရမည့် ဘဏ္ဍာရေးတာဝန်ကို အမြဲတစေ စိတ်အားထက်သန်စွာ အပြည့်အဝထည့်ဝင်လျက်ရှိကြောင်း ဟွာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အဖွဲ့ဝင်ကြေး အပြည့်အဝပေးသွင်းနေခြင်းမှာ ကုလသမဂ္ဂအပေါ် အခိုင်အမာ တက်တက်ကြွကြွ ထောက်ခံနေမှုကို ဖော်ပြနေတာပါပဲ” ဟု ဟွာက ဆိုသည်။ထည့်ဝင်ကြေးများကို အချိန်မီ၊ အပြည့်အဝပေးသွင်းမှုသည် တရားဝင် တာဝန်တစ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်များအနေဖြင့် အပြည့်အဝဆောင်ရွက်သင့်သောတာဝန်ဖြစ်ကြောင်း၊ နိုင်ငံကြီးများအနေဖြင့် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရေးတွင် စံနမူနာထားလောက်သော အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်သင့်ကြောင်းလည်း ဟွာက ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.