Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဟူပေ ပြည်နယ် တွင် ဧပြီလ ၌ ယွမ်ငွေ သန်း ၁၀၀ အထက် စီမံကိန်း အသစ် ပေါင်း ၄၆၄ ခု စတင် ဆောင်ရွက်

တရုတ် နိုင်ငံ ဟူပေ ပြည်နယ် ဝူဟန့် မြို့ တွင် စီမံကိန်း များ ပြန်လည် စတင် ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟူပေ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မတီ ၏ ပြောကြားချက် အရ ဧပြီလ တွင် ဟူပေ ပြည်နယ် ၌ တရုတ် ယွမ်ငွေ သန်း ၁၀၀ အထက် စီမံကိန်း အသစ်ပေါင်း ၄၆၄ ခု ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ဝန်ထမ်း ပြန်လည် တာဝန်ထမ်းဆောင်မှု က ၉၃.၈ ရာခိုင်နှုန်း ရှိခဲ့ကာ ဝူဟန့် မြို့ ရှိ ယွမ်ငွေ သန်း ၁၀၀ အထက် စီမံကိန်း ၏ ဝန်ထမ်း ပြန်လည် တာဝန်ထမ်းဆောင်မှု က ၇၄.၄ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ အထိ ဟူပေ ပြည်နယ် တွင် တရုတ် နိုင်ငံ ရိုးရာ နှစ်သစ်ကူး မှ စ၍ အသစ် စတင် ဆောင်ရွက်ခဲ့သည့် ယွမ်ငွေ သန်း ၁၀၀ အထက် စီမံကိန်းပေါင်း ၉၇၉ ခု ရှိကြောင်း ၊ ယင်း စီမံကိန်း ပေါင်း ၉၇၉ ခု တွင် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦး စီမံကိန်း ၃၄ ခု ၊ ရေအရင်းအမြစ် စီမံကိန်း ၉ ခု ၊ စွမ်းအင် စီမံကိန်း ၁၂ ခု ၊ လူမှုအသိုင်းအဝိုင်း စီမံကိန်း ၈၉ ခု ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်း ၂၈ ခု ၊ မြို့ပြအခြေခံအဆောက်အဦး ၉၁ ခု ၊ အကြီးစား စက်မှု စီမံကိန်း ၅၈၁ နှင့် အခြား စီမံကိန်း ၁၃၅ ခု ရှိကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ဟူပေ ပြည်နယ် ဝူဟန့် မြို့ တွင် စီမံကိန်း များ ပြန်လည် စတင် ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဟူပေ ပြည်နယ် ဝူဟန့် မြို့ တွင် စီမံကိန်း များ ပြန်လည် စတင် ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟူပေ ပြည်နယ် ရှိ အရေးကြီး စီမံကိန်း များ ၏ လုပ်ငန်း ပြန်လည် တာဝန်ထမ်းဆောင်မှု နှင့် ထုတ်လုပ်မှုများ က အရှိန်မြှင့် ဆောင်ရွက်နေပြီး ဟူပေ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး အဓိက စင်တာ နှင့် ကျိန့်ဝမ် အမြန်ရထားလမ်း ၏ ဟူပေ ပြည်နယ် အပိုင်း စသည့် ယွမ်ငွေ ၁၀ ဘီလီယံ အထက် စီမံကိန်းပေါင်းများစွာ က တဖြည်းဖြည်း လုပ်ငန်း ပြန်လည် စတင်နေကြောင်း သိရှိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117