Politics, Law & Military
တရုတ်နိုင်ငံပေကျင်းမြို့၌ အမျိုးသားနေ့အခမ်းအနားကို စည်ကားစွာကျင်းပ၊ ဧည့်ပရိသတ် ၁ဝဝဝဝဝ ကျော်ပါဝင်တက်ရောက်

ပေကျင်း ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ယနေ့(အောက်တိုဘာ ၁ ရက် )နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနေခဲ့ရာ တပ်မတော်သား နှင့် အရပ်သားပြည်သူများအပါအဝင် ဧည့်ပရိသတ် ၁ဝဝဝဝဝ ကျော်ပါဝင်ချီတက်ဆင်နွှဲကြကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
စစ်ရေးပြအခမ်းအနားသည် နှစ် ၅ဝ ပြည့် နှင့် နှစ် ၆ဝ ပြည့်က ကျင်းပခဲ့သော အမျိုးသားနေ့အခမ်းအနားများအပါအဝင် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပခဲ့သော V-Day စစ်ရေးပြအခမ်းအနားထက် ပို၍ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြောင်း စစ်ရေးပြအဖွဲ့ဒုတိယအကြီးအကဲ Cai Zhijun ၏ ပြောကြားချက် အရသိရသည်။
အဆိုပါစစ်ရေးပြပွဲသည် နှစ်ပေါင်း ၇ဝ အတွင်း တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေး နှင့် စစ်လက်နက်များ ပိုင်ဆိုင်ထားမှုကို ထင်ဟပ်စေသည့် မြင်ကွင်းတစ်ခုဖြစ်စေလိမ့်မည်ဖြစ်ကြောင်း Cai ၏ပြောကြားချက်အရသိရသည်။(Xinhua)