Connect with us

Politics, Law & Military

၁၃ ကြိမ်မြောက် စီးပွားရေး၊ ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှု အဆင့်မြင့်ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ အမေရိကန်နိုင်ငံသို့ သွားမည်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးမှု ခေါင်းဆောင်၊ ဒုတိယဝန်ကြီးချုပ် လျူဟဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးမှု ခေါင်းဆောင်၊ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် တရုတ်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ကာ ၁၃ ကြိမ်မြောက် စီးပွားရေး၊ ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှု အဆင့်မြင့်ဆွေးနွေးပွဲအတွက် လာမည့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ယခင်က ဝါရှင်တန်မြို့တွင် ဒုတိယဝန်ကြီးအဆင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဘုံဆက်စပ်မှုရှိသော စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအပေါ် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ ဒုတိယ ကုန်သွယ်ရေးဝန်ကြီး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကိုယ်စားလှယ် ဝမ်ဆိုဝန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် ၁၃ ကြိမ်မြောက် တရုတ်-အမေရိကန် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးမှုအတွက် အထူး အစီအစဉ်ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.