Politics, Law & Military
တရုတ်နိုင်ငံသည် ၂၀၁၉ခုနှစ်တွင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ ဦးရေအား ၁၀သန်းကျော်အထိ လျှော့ချသွားမည်

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၁၉ခုနှစ်တွင် ၎င်း၏ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ ဦးရေအား ၁၀သန်းကျော်အထိ လျှော့ချသွားမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ မတ် ၅ ရက် တွင် သတင်းမီဒီယာ၌ ဖော်ပြသော အစိုးရ၏ အလုပ်အစီရင်ခံစာတစ်ခုအရ သိရသည်။
ဗဟိုအစိုးရသည် ဆင်းရဲနွမ်းပါးမှု လျော့ပါးသက်သာရေးအတွက် ၁၈.၉ ရာခိုင်နှုန်းတိုးမြှင့်ကာ တရုတ်ယွမ် ၁၂၆.၀၉၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၈.၈၂ ဘီလီယံ) ရန်ပုံငွေအား အထူးခွဲဝေနေရာချပေးသွားမည် ဖြစ်ကြောင်း နှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသည့် ဘဏ္ဍာရေးအစီရင်ခံစာ မူကြမ်း ၌ပါရှိသည်။ (Xinhua)