Connect with us

Politics, Law & Military

၂၀၁၉ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်နိုင်ရန် တရုတ်ဆောင်ရွက်သွားမည်

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၁၉ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်နိုင်ရန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ မတ် ၅ ရက် တွင် သတင်းမီဒီယာ၌ ဖော်ပြသော အစိုးရ၏ အလုပ်အစီရင်ခံစာတစ်ခုအရ သိရသည်။

တရုတ်နိုင်ငံသည် ဈေးကွက်အတွင်းဝင်ရောက်မှု အပေါ် ထိန်းချုပ်မှုများ ပိုမိုဖြေလျှော့ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတွက် အတားအဆီးဖြစ်နေသော ကိစ္စရပ်များအား စာရင်းပြုစုခြင်း နှင့် အခြားကဏ္ဍအများအပြားတွင် နိုင်ငံခြားမှ အလုံးစုံ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကို ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အစီရင်ခံစာ ၌ဖော်ပြထားသည်။

အစီရင်ခံစာ ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တရားဥပဒေဆိုင်ရာ အခွင့်အရေးများ နှင့် အကျိုးစီးပွားများအတွက် အားထုတ်ကြိုးပမ်းမှုများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။ (Xinhua)