Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏စီးပွားရေး သည် နှစ်စဉ် စီးပွားရေးတိုးတက်မှုမျှော်မှန်းချက်ကိုပင် ကျော်လွန်သွားနိုင်ကြောင်း တာဝန်ရှိသူပြောကြား

တရုတ်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ စီးပွားရေးသည် ၂၀၁၇ခုနှစ်အတွက် အစိုးရ၏နှစ်စဉ် စီးပွားရေးတိုးတက်မှုမျှော်မှန်းချက် ဖြစ်သည့် ၆.၅ရာခိုင်နှုန်း ကို ပြည့်မီ (သို့ ) ကျော်လွန်သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အကြီးအကဲတစ်ဦးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“စီးပွားရေးတိုးတက်မှုမျှော်မှန်းချက်ဖြစ်တဲ့ ၆.၅ရာခိုင်နှုန်းကို အောင်မြင်စွာပြည့်မီနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေတောင် ရနိုင်ခြေရှိပါတယ်” ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်မှု နှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟဲလိဖန် က ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ ပြင်ပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံ၏ GDP သည် ၂၀၁၇ခုနှစ် တွင် တရုတ်ယွမ် ၈၀ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၁ထရီလီယံခန့်) ထက်ကျော်လွန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၇ခုနှစ်တွင် ဖွဲ့စည်းပုံကောင်းမွန်စွာဖြင့် ခိုင်မာသည့် လမ်းကြောင်းတစ်ခုပေါ်၌ တည်ငြိမ်စွာကြီးပွားတိုးတက်နေပြီး အပြုသဘောဆောင်သည့် ရလဒ်ကောင်းများကို တွေ့မြင်နေရကြောင်း ဟဲလိဖန် က သတင်းထောက်များအားပြောကြားခဲ့သည်။ (Xinhua)