Connect with us

Politics, Law & Military

၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ ရွေးကောက်ပွဲနည်းလမ်းများ အတည်ပြု

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အား ဒုတိယအကြိမ်မြောက် အမြဲတမ်းအမှုဆောင်ကော်မတီ အစည်းအဝေးပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ကြိမ်မြောက် အမျိုးသားညီလာခံ ရွေးကောက်ပွဲနည်းလမ်းများကို အောက်တိုဘာ ၂၀ ရက်နေ့လည်ပိုင်းတွင် ပြုလုပ်သည့် အမြဲတမ်းအမှုဆောင်ကော်မတီအစည်းအဝေးပွဲ၌ အတည်ပြုခဲ့ကြောင်း သိရသည်။

၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ၏ အမြဲတမ်းအမှုဆောင်ကော်မတီအစည်းအဝေးပွဲ ကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ဒုတိယအကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ကြီးမှူးကျင်းပသော အဆိုပါ အစည်းအဝေးတွင် ၁၈ကြိမ်မြောက် CPC အမြဲတမ်းကော်မတီ၏ အစီရင်ခံစာများ၊ စည်းမျဉ်းစည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ၏ အလုပ်အစီရင်ခံစာများ နှင့် CPC ၏ အခြေခံဥပဒေများ ပြင်ဆင်ခြင်း တို့အပေါ် ဆုံးဖြတ်ချက်မူကြမ်းများကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ဆုံးဖြတ်ချက်မူကြမ်း သုံးစောင် ကို ဆွေးနွေးတိုင်ပင်ရန်အတွက် ညီလာခံကိုယ်စားလှယ်အဖွဲ့အားလုံးထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ညီလာခံ အထွေထွေအတွင်းရေးမှူး လျှိုယွမ်စန်း က ၁၉ကြိမ်မြောက် CPC ဗဟိုကော်မတီ အမြဲတမ်းအဖွဲ့ဝင်များ နှင့် အလှည့်ကျအဖွဲ့ဝင်များ နှင့် စည်းမျဉ်းစည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်အဖွဲ့ဝင်များ ၏ နာမည်စာရင်း အဆိုတင်သွင်းမှုနှင့် ပတ်သက်၍ အမြဲတမ်းအမှုဆောင်ကော်မတီအစည်းအဝေးပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်။အစည်းအဝေးက စဉ်းစားဆုံးဖြတ်ရန်အတွက် အဆိုတင်သွင်းထားသော နာမည်စာရင်းများကို ကိုယ်စားလှယ်အဖွဲ့အားလုံးထံသို့ တင်ပြသွားရန် ဆုံးဖြတ်ခဲ့သည်။မဲပေးမှုအရ စီစစ်ထားသည့် နာမည်စာရင်းတစ်ခုကိုလည်း အမြဲတမ်းအမှုဆောင်ကော်မတီအစည်းအဝေးပွဲ က အတည်ပြုပေးခဲ့ပြီး နောက်ဆုံးအဆင့်မဲပေးမှု မစတင်မီ ယင်းနာမည်စာရင်းကို ညီလာခံက အတည်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)