Politics, Law & Military
တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အမြစ်ဖြတ်ချေမှုန်းရာတွင် မည်သည့် မျိုးနွယ်စုကိုမျှ နောက်ချန်ထားရစ်ခဲ့မည်မဟုတ်ဟု သမ္မတ ရှီပြော
ရင်ချွန်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က မျိုးနွယ်စုများသည် တရုတ်နိုင်ငံ၏ မိသားစုကြီးများဖြစ်ကြောင်းနှင့် နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ပြီး နယ်ပယ်အားလုံး အတော်အသင့် ကြွယ်ဝပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးနှင့် ခေတ်မီတိုးတက်မှုဆီ ဦးတည်မောင်းနှင်ရေးများတွင် မည်သည့် မျိုးနွယ်စုကိုမျှ နောက်တွင်ချန်ထားရစ်ခဲ့မည်မဟုတ်ကြောင်း ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူကျုံးမြို့ ဒေသခံများနှင့် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ရှီသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူကျုံးမြို့ ရပ်ရွာလူထုထံ စစ်ဆေးရေးသွားရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)