Connect with us

Politics, Law & Military

၁၀ ကြိမ်မြောက် အဆင့်မြင့်မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အီးယူ ဆက်ဆံရေးတိုးတက်ရန် သဘောတူ

အီးယူ နိုင်ငံခြားဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell အား တရုတ်-အီးယူ အဆင့်မြင့်မဟာဗျူဟာမြောက်ဆွေးနွေးပွဲ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဇွန် ၉ ရက်တွင်ပြုလုပ်သည့် အဆင့်မြင့်မဟာဗျူဟာမြောက်ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) နီးကပ်စွာဆက်ဆံရေး တိုးတက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီးယူ နိုင်ငံခြားဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell တို့က သဘာပတိများအဖြစ် ပူးတွဲဆောင်ရွက်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုများသည် ယှဉ်ပြိုင်မှုနှင့် ကွဲပြားမှုထက် အမြဲတစေပို၍ကောင်းမွန်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် အီးယူတို့သည် ကာလရှည်၊ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖြစ်ကြောင်း၊ နှစ်ဘက်လုံးအနေဖြင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ပြည့်အခါသမယကို နီးကပ်သောဆက်ဆံရေး တိုးတက်မှုအတွက် အသစ်စတင်ခြင်းအဖြစ် မှတ်ယူသင့်ကြောင်း ဝမ်က မှတ်ချက်ပြုပြောခဲ့သည်။

၎င်းက ကပ်ရောဂါလွန်မြောက်ချိန်ကာလတွင်  နှစ်ဘက်ဆက်ဆံရေးတိုးမြှင့်ရေး တွန်းအားပေးလုပ်ဆောင်ကြရန်၊ အဆင့်မြင့်ဖလှယ်မှုများတိုးမြှင့်ရန်နှင့် တရုတ်-အီးယူ ထိပ်သီးဆွေးနွေးပွဲနှင့် တရုတ်-အီးယူ ခေါင်းဆောင်များအစည်းအဝေးကို ကောင်းမွန်စွာပြင်ဆင်ရန်အတွက် လုပ်ဆောင်ရန် ပြောကြားခဲ့သည်။

လုပ်ငန်းများပြန်လည်စတင်ခြင်း မြှင့်တင်ရေးနှင့် ကုန်စည်ဖလှယ်ခြင်းနှင့် စက်မှုလုပ်ငန်းလုပ်ငန်းဆိုင်ရာ ဖလှယ်ခြင်း တည်ငြိမ်မှုကို ထိန်းသိမ်းရေး၊ အများပြည်သူကျန်းမာရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်ရာတွင် လွယ်ကူချောမောစေရေး၊ ကာကွယ်ဆေးနှင့်ဆေးဝါး သုတေသနတွင် ပူးပေါင်းလုပ်ဆောင်ရေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် အာဖရိနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်တို့တွင် ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် ဝမ်က ဟောင်ကောင်ကိစ္စအပေါ် တရုတ်အစိုးရ၏ စည်းမျဉ်းစည်းကမ်းမူများ နှင့်ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။

Josep Borrell က အီးယူသည် တရုတ်နှင့် ဆက်ဆံရေးအပေါ် မျှော်လင့်ချက် ကြီးမားပြီး နီးကပ်စွာ ဆက်ဆံရေး ခိုင်မာရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အီးယူနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံစုံပါဝင်ရေးဝါဒကို အခိုင်အမာထောက်ခံသူများဖြစ်ကြောင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွင် တရုတ်နိုင်ငံ၏ တက်ကြွစွာပူပေါင်းဆောင်ရွက်မှုကို အီးယူက ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှစ်ဖက်စလုံးနှင့်သက်ဆိုင်သော အရေးကိစ္စများအပေါ် နက်နက်နဲနဲ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။  (Xinhua)