Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ၏ ငါးနိုင်ငံခရီးစဉ်အတွင်း အယ်လ်ဘေးနီးယားနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ (ဝဲ) နှင့် အက်စ်တိုးနီးယားနိုင်ငံ သမ္မတ Kersti Kalijulaid (ယာ) တို့ ဧပြီ ၁၃ရက် က တွေ့ဆုံနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ကျန်းကောလိသည် အယ်လ်ဘေးနီးယားနိုင်ငံသို့ ဧပြီ ၁၆ ရက်တွင် ၂ရက်တာခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကောလိသည် အယ်လ်ဘေးနီးယားနိုင်ငံ သမ္မတ Bujar Nishani နှင့် ဝန်ကြီးချုပ် Edi Rama တို့နှင့် ဧပြီ ၁၇ ရက်တွင် တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ ဦးဆောင်သော တရုတ်နိုင်ငံ အစိုးရကိုယ်စားလှယ်အဖွဲ့ အယ်ဘေးနီးယားနိုင်ငံသို့ ဧပြီ ၁၆ ရက်မှ ၁၇ရက်အထိ ၂ရက်တာ ခရီးစဉ်ရောက်ရှိလာခြင်းသည် တရုတ်-အယ်လ်ဘေးနီးယား ဆက်ဆံရေးတွင် သမိုင်းဝင်အဖြစ်အပျက်တစ်ခုဖြစ်ပြီး ကျန်းကောလိ၏ ခရီးစဉ်အတွင်း ကာလရှည်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် နှင့် အတွေးသစ် အမြင်သစ်များဖြင့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှုအောက်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ၏ အယ်လ်ဘေးနီးယား ခရီးစဉ် သည် ဥရောပ-အာရှ ၉ရက်တာခရီးစဉ်၏ စတုတ္ထမြောက်ခရီးစဉ်ဖြစ်ပြီး ဧပြီလ ၁၁ ရက် မှ ၁၃ရက်အထိ ၂ရက်တာခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ကာ လေးကြိမ်မြောက် တရုတ်-ရုရှား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေး တွင် ရုရှားပထမဒုတိယဝန်ကြီးချုပ် Igor Shuvalov နှင့်အတူ တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်းကောလိသည် ရုရှားနိုင်ငံ မော်စကိုမြို့မှ ဆက်လက်ထွက်ခွာလာခဲ့ပြီး ဧပြီ ၁၃ ရက် နေ့လည်ပိုင်းတွင် အက်စ်တိုးနီးယားနိုင်ငံသို့ ၂ရက်တာ ခရီးစဉ်ရောက်ရှိလာခဲ့ကာ အက်စ်တိုးနီးယားနိုင်ငံ သမ္မတ Kersti Kalijulaid နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံ နှင့် အက်စ်တိုးနီးယားနိုင်ငံ ခရီးစဉ်များအပြီး ဒုတိယဝန်ကြီးချုပ်သည် ဧပြီ ၁၅ ရက်တွင် ဆလိုဗေးနီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဆလိုဗေးနီးယားနိုင်ငံ သမ္မတ Borut Pahor နှင့်တွေ့ဆုံကာ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရသည်။

ကျန်းကောလိသည် ၎င်း၏နောက်ဆုံးခရီးစဉ်အဖြစ် ကာဇက်စတန်နိုင်ငံသို့သွားရောက်ကာ ၈ကြိမ်မြောက် တရုတ်-ကာဇက်စတန် ပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ပြီး ဧပြီ ၁၁ ရက် မှ ၁၉ ရက်အထိ ၉ရက်တာ ဥရောပ-အာရှ ငါးနိုင်ငံခရီးစဉ် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည် (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.