Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့ နှစ်ဦး မာအာလာဂို စံအိမ် ၌ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်း တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မိမိအနေဖြင့် အမေရိကန် သမ္မတ နှင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် မာအာလာဂို စံအိမ် ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အရေးပါသည့် အောင်မြင်မှု များစွာ ရရှိခဲ့ကာ အပြည်ပြည်ဆိုင်ရာ အတိုင်းအဝိုင်းမှလည်း ကောင်းမွန်သည့် သဘောထားအမြင်များကို ရရှိခဲ့ကြောင်း ၊ ထိုတွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး အပါအဝင် အပြည်ပြည်ဆိုင်ရာ နှင့် ဒေသတွင်း ကိစ္စရပ်များ နှင့်ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြပြီး အရေးကြီးသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၊ မိမိ နှင့် အမေရိကန် နိုင်ငံ သမ္မတ တို့အကြား နားလည်မှု ကို တိုးမြှင့် နိုင်ခဲ့ပြီး ကောင်းမွန်သည့် လုပ်ငန်းဆက်ဆံရေး ကိုတည်ဆောက်နိုင်ခဲ့ကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် နှစ်နိုင်ငံ မှ ကဏ္ဍ ၄ ခု တွေ့ဆုံဆွေးနွေးမှု ယန္တရား မှတစ်ဆင့် ကဏ္ဍအသီးသီး ပူးပေါင်းဖလှယ်မှုများကို တွန်းအားပေး သွားမည် ဖြစ်ကြောင်း ၊ အရေးကြီး နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များတွင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ပြီး ပိုမို စောလျင်စွာ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေသည့် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မှု တို့အတွက် အားအင်သစ်များ ဖြည့်တွင်း သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့အစည်း တို့မှ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ ယခုနှစ်အတွင်း အမေရိကန် နိုင်ငံ သမ္မတ ၏ တရုတ် နိုင်ငံ ခရီးစဉ် အတွက် အောင်မြင်မှုများစွာ ရရှိနိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဖလော်ရီဒါ ပြည်နယ် ရှိ မာအာလာဂို စံအိမ် တွင် နှစ်နိုင်ငံ ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု ကို ဆောင်ရွက်နိုင်ခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက်ပြီး တွေ့ဆုံမှုသည်လည်း လွန်စွာ အောင်မြင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်အကြား အနီးကပ် ဆက်သွယ်မှု ထားရှိခြင်းသည် လွန်စွာအရေးကြီးကြောင်း ၊ မိမိအနေဖြင့်လည်း အမေရိကန်-တရုတ် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းကာ ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် ထောက်ခံကြောင်း ၊ တရုတ် နိုင်ငံ သို့ သွားရောက်လည်ပတ်မည့် နိုင်ငံတော် အဆင့် လည်ပတ်ရေး ခရီးစဉ် အတွက် မျှော်လင့်နေကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ကိုရီးယား ကျွန်းဆွယ် အရေး နှင့် အခြား အတူတကွ စိတ်ဝင်စားသည့် ကိစ္စရပ်များအပေါ် သဘောထား အမြင်များ ဖလှယ်ခဲ့ကြသည်။ တရုတ် နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ သည် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ရည်မှန်ချက် ကို အစဉ်အမြဲထောက်ခံခဲ့ပြီး ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး ကိုလည်း ထောက်ခံခဲ့ကြောင်း ၊ ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်းကို ဦးဆောင်ကာ အမေရိကန် နိုင်ငံ နှင့်အတူတကွ ကိုရီးယား ကျွန်းဆွယ် ကိစ္စရပ် နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု ကို ထိန်းသိမ်းသွား လိုကြောင်း ပြောကြား ခဲ့သည်။

ဆီးရီးယား ကိစ္စရပ် နှင့် ပတ်သက်၍ သမ္မတ ရှီကျင့်ဖိန် က မည်သည့် ဓာတုလက်နက် အသုံးပြုခြင်းကို မှ လက်မခံ နိုင်ကြောင်း ၊ ဆီးရီးယား အရေး အား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် စည်းလုံးမှု ထိန်းသိမ်းထားခြင်း သည် ဆီးရီးယား အရေး ကို ဖြေရှင်းရန် အလွန်အရေးကြီးကာ လုံခြုံရေး ကောင်စီတွင် တူညီသည့် သဘောထား ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။နှစ်နိုင်ငံ သမ္မတ တို့မှ နည်းလမ်း အမျိုးမျိုး ဖြင့် အနီးကပ် ဆက်သွယ်မှု ထိန်းသိမ်းသွားရန် ကိုလည်း သဘောတူညီ ခဲ့ကြောင်း သိရှိရသည်။(Xinhua)