Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ထိုင်း ဘုရင့်သမီးတော်တို့ တွေ့ဆုံ

တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီး လျိုရန်သုံ (Liu Yandong) နှင့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ (Maha Chakri Sirindhorn)တို့တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ထိုင်း ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ (Maha Chakri Sirindhorn) နှင့် တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုရန်သုံ (Liu Yandong) တို့ ဧပြီလ (၅ ) ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြသည်။

နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုကို နက်ရှိုင်းမှု ရှိစေရန်အတွက် ထိုဘုရင့် သမီးတော်၏ ပူးပေါင်းပါဝင်မှုကို အထူး ကျေးဇူး တင်ရှိကြောင်း Liu က ပြောကြားသည်။

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ သံတမန် ဆက်ဆံခဲ့သည့် နှစ်ပေါင်း ၄၀ ပြည့်မြောက်သည့် နှစ်ဖြစ်သည်။ နှစ်နိုင်ငံ ဆက်ဆံရေးကို လေးလေးနက်နက် အတူတကွ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ခင်မင်ရင်းနှီးသည့် အစဉ်အလာ ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ထိုင်း ဘုရင့်သမီးတော်က ပြောကြားခဲ့သည်။

တရုတ် အစိုးရ၏ ဖိတ်ကြားချက်အရ ထိုင်း ဘုရင့်သမီးတော်သည် ဧပြီလ ၃ ရက် မှ ၆ ရက် အထိ တရုတ် နိုင်ငံကို အလည်အပတ် ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.