Connect with us

Politics, Law & Military

မဲခေါင်မြစ် ဒေသတွင်း (၆) နိုင်ငံ အစည်းအဝေး တရုတ်နိုင်ငံတွင် ပထမ အကြိမ် ကျင်းပ

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (Wang Yi) တရုတ် နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော မဲခေါင် မြစ် (၆) နိုင်ငံ အစည်းအဝေး သို့တက်ရောက်စဉ် (Xinhua)

ပေကျင်း ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မဲခေါင်မြစ် (၆) နိုင်ငံ အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့ Diaoyutai ဟိုတယ်၌ ဧပြီလ (၆) ရက်နေ့တွင် ကျင်းပခဲ့သည်။ အစည်အဝေးတွင် မဲခေါင်မြစ်ဒေသတွင်း ၆ နိုင်ငံ ပူူးပေါင်း ဆွေးနွေးမှု တည်ဆောက်ကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု ပြုလုပ် ခဲ့ကြသည်။

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဝမ်ရိ (Wang Yi) မှ အစည်းအဝေးသို့ လာရောက်သော မဲခေါင်မြစ် ဒေသတွင်း နိုင်ငံအသီးသီးမှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ မဲခေါင်မြစ် ဒေသတွင်း နိုင်ငံများသည် အာရှ အသိုက်အဝန်း ဖွဲ့စည်းရန်နှင့် ပိုးလမ်းမကြီး ထူထောင်ရန် အရေးကြီး အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြောင်း၊ မဲခေါင် အစည်းအဝေးသည် အပြန်အလှန် လိုအပ်ချက်များ ဆွေးနွေးရန်နှင့် ကောင်းမွန်သော အခြေခံ ဖွဲ့စည်းမှုကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း၊ မဲခေါင်မြစ် ဒေသတွင်း တည်ငြိမ် ဖွံ့ဖြိုးမှုသည် (၆) နိုင်ငံလုံး အတွက် အကျိုးရှိကြောင်း၊ အာဆီယံ အသိုက်အဝန်း တိုးတက်ရေး အတွက်လည်း မြှင့်တင် နိုင်မည် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံရေး အတွက်လည်း မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု များ အတွက်လည်း အရေးပါသော လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ မဲခေါင်မြစ် (၆) နိုင်ငံသည် အတူတကွ ပူးပေါင်း၍ မဲခေါင်မြစ်ဒေသတွင်း နိုင်ငံများ အသိုက်အဝန်းကို တည်ဆောက် သွားရန် ပြောကြားခဲ့သည်။

အစည်းအဝေးသို့ လာရောက်သော နိုင်ငံခြားရေး အရာရှိများမှလည်း တရုတ်နိုင်ငံ အနေဖြင့် မဲခေါင် မြစ်နိုင်ငံများ အစည်းအဝေး ပြုလုပ်ခြင်းသည် မဲခေါင်မြစ် ဒေသတွင်း နိုင်ငံများ ဖွံဖြိုးတိုးတက်ရေး အတွက် အကျိုးရှိကြောင်း၊ အာဆီယံ နိုင်ငံ ဖွံ့ဖြိုးမှု ကွာဟချက်ကို လည်းလျှော့ချ နိုင်မည် ဖြစ်ကြောင်း ၊ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရန် အတွက်လည်း အကျိုးရှိကြောင်း၊ ယခု ပြုလုပ်သော အစည်း အဝေးမှ ဒေသတွင်း နိုင်ငံများ နိုင်ငံရေး ယုံကြည်မှု ပိုမိုတိုးမြှင့်နိုင်ရန်နှင့် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဖလှယ်ခြင်းများ တိုးမြှင့် နိုင်ရန် မျှော်လင့်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင် နိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

အစည်း အဝေးကို တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး လျိုကျန့်မင် (Liu Zhenmin) နှင့် ထိုင်း နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Don Pramudwinai တို့ အတူ အခန်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်မှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.