Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ မလေးရှား၌ တွေ့ဆုံမည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အရှေ့အာရှ ထိပ်သီး အစည်းအဝေး အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇို အာဘေး တို့သည် ကွာလာလမ်ပူမြို့တွင် ခေတ္တ တွေ့ဆုံရန် ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက နိုဝင်ဘာလ ၂၃ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

“ဝန်ကြီးချုပ် လီနှင့် ဝန်ကြီးချုပ် အာဘေးတို့က အရှေ့အာရှ ခေါင်းဆောင်များ အစည်းအဝေးတွေ ကျင်းပဆဲ အချိန်မှာပဲ အာလာပ သလ္လာပ အနေနဲ့ ခေတ္တ တွေ့ဆုံဖို့ ရှိတယ်” ဟု တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ဟုန်လဲ့က သတင်း ထုတ်ပြန်ချက်တွင် ပြောသည်။

နှစ်နိုင်ငံ အနေဖြင့် လက်ရှိ ဆက်ဆံရေး တိုးတက်မှု၏ သက်သေ အဖြစ်နဲ့ တွေ့ဆုံမည် ဖြစ်သလို အထိခိုက် မခံနိုင် ဖြစ်သေးသည့် ဆက်ဆံရေး အဟုန်အား တိုးတက်ရန် လုပ်ဆောင်ရမည် ဟူသော လီ၏ ပြောစကားအား ကိုးကား၍ ဟုန်က ဆိုပါသည်။

တရုတ်-ဂျပန် ဆက်ဆံရေး တိုးတက်မှုသည် ဂျပန်နိုင်ငံ၏ သဘောတူညီမှုများ အပေါ် အလေးအနက် ထားမှုပေါ် မူတည်နေကြောင်း လီ၏ ပြောဆိုမှုအား ဖော်ပြထားသည်။

ဂျပန် အနေဖြင့် နှစ်ဘက် နားလည်မှုနှင့် ဆက်ဆံရေး တိုးတက် ခိုင်မြဲစေရန် ပိုမို လုပ်ဆောင် သင့်ကြောင်း ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.