Connect with us

Politics, Law & Military

အရှေ့အာရှ အစည်းအဝေးများ တက်ရောက်ပြီး တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိ

၁၀ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသော ခေါင်းဆောင်များကို တွေ့ရစဉ် (ဆင်ဟွာ)

စူးကျိုး၊ ကျန်းစု၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အရှေ့အာရှ အစည်းအဝေးများ တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစု ဒေသရှိ စူးကျိုးမြို့သို့ နိုဝင်ဘာလ ၂၄ ရက်နေ့ အစော ပိုင်းက ပြန်လည် ရောက်ရှိကြောင်း သိရသည်။

၁၈ ကြိမ်မြောက် တရုတ်နှင့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၊ ၁၈ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အစည်းအဝေးနှင့် ၁၀ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးများ တက် ရောက်ခြင်းနှင့် အတူ မလေးရှား နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးအဖြစ် သွားရောက်ခဲ့သည်။

လီသည် နိုဝင်ဘာလ ၂၄ ရက်မှ ၂၅ ရက် အထိ စူးကျိုးမြို့တွင် ကျင်းပမည့် တရုတ်နိုင်ငံနှင့် ဥရောပ အလယ် ပိုင်းနှင့် အရှေ့ပိုင်း ၁၆ နိုင်ငံ ခေါင်းဆောင်များ၏ လေးကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)