Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌတို့ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တည်ထောင်သူ နှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Klaus Schwab (ဝဲ) တို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ ဧပြီ ၁၆ရက်တွင်တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှု နှင့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် win-win ရလဒ်များ ရရှိနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၆ ရက် ကပြောကြားခဲ့သည်။

ရှီသည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တည်ထောင်သူ နှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Klaus Schwab နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း က လက်ရှိတွင် ကမ္ဘာ့စီးပွားရေး၌ အပြုသဘောဆောင်သည့် တိုးတက်မှုတစ်ချို့ကို တွေ့မြင်နေရသော်လည်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများစွာကို အခြေခံကျကျ မဖြေရှင်းနိုင်သေးကြောင်း ပြောကြားခဲ့သည်။ရှီက ခေတ်ရေစီးကြောင်း သည် ဂလိုဘယ်လိုက်ဇေးရှင်းအား ဆန့်ကျင်မှု နှင့် ကိုယ်ကျိုးစီးပွားကာကွယ်မှုဘက် သို့ ဦးတည်လာနေပြီး ကမ္ဘာ့စီးပွားရေးတွင် ဆိုးရွားသော အခက်အခဲများ နှင့် မသေချာမရေရာမှုများ ပေါ်ပေါက်လာကြောင်း ပြောကြားခဲ့သည်။

Klaus Schwab က WEF သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလွှမ်းခြုံမှု၊ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု တို့ကို တိုးမြှင့်လုပ်ဆောင်ပြီး ကိုယ်ကျိုးစီးပွားကာကွယ်မှု နှင့် တစ်ဖက်သက်ဆန်မှုတို့ကို ဆန့်ကျင်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။သတင်းအပြည့်အစုံဖတ်ရန် link- http://www.xinhuanet.com/english/2018-04/16/c_137115449.htm

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.