Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကျူးဘားနိုင်ငံ သမ္မတအသစ်အဖြစ် ရွေးချယ်ခံရသော Miguel Diaz-Canel အား ဝမ်မြောက်ကြောင်း သဝဏ်လွှာပေးပို့

ကျူးဘားနိုင်ငံ သမ္မတအသစ် Miguel Diaz-Canel အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားနိုင်ငံ သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံရသော Miguel Diaz-Canel ထံသို့ ဧပြီလ ၁၉ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

သမ္မတ ရှီ၏ သဝဏ်လွှာ၌ တရုတ်နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယုံကြည်မှုရှိပြီး တူညီသော အကြောင်းတရားများရှိသည့် ဆိုရှယ်လစ်၊ ကွန်မြူနစ်ပါတီဝင်ကောင်းများ၊ မိတ်ဆွေကောင်းများနှင့် မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများသည်လည်း ခက်ခဲ ရှည်ကြာသော ရုန်းကန်မှုများတစ်ဆင့် နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှု ထူထောင်နိုင်ခဲ့ကြောင်းသလို နှစ်နိုင်ငံ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ခိုင်မာသော အားအင်အဖြစ် ဖြည့်ဆည်းပေးနေပါကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများဖြင့် အလွန်လေးနက်၍ ခက်ခဲရှုပ်ထွေးသော ပြောင်းလဲမှုများဖြင့် ယနေ့ခေတ် ကမ္ဘာတွင် တရုတ်နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့သည် တိုးတက်မှုအတွက် အသစ် တက်လှမ်းမှုဖြင့် စတင်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံနှင့် ရှေ့ဆက်လက်တွဲသွားရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံ သမ္မတသစ် Diaz-Canel နှင့်အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာ တိုးချဲ့သွားရန်နှင့် ခေတ်သစ် တရုတ်-ကျူးဘား ချစ်ကြည်ရေး ထူထောင်ကာ အောင်မြင်မှု အသစ်များ ရရှိစေရန် ဆန္ဒရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ထို့ပြင် ရှီသည် ကျူးဘားနိုင်ငံ အာဏာရပါတီဖြစ်သော Communist Party of Cuba ဗဟိုကော်မတီ၏ ပထမ အတွင်းရေးမှူးအဖြစ် ကျန်ရှိနေသော ရောလ်ကက်စထရို (Raul Castro) ထံသို့လည်း သီးခြား နှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်-ကျူးဘား ဆက်ဆံရေး ရှေ့ဆက်တွန်းအားပေးသည့် အနေဖြင့် ကက်စထရိုနှင့်အတူ ရင်းနှီးသော ဆက်ဆံရေးအား ထိန်းသိမ်းရန် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။

အလားတူ ဧပြီလ ၁၉ ရက်က တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်လည်း ကျူးဘားနိုင်ငံ သမ္မတသစ် Diaz-Canel ထံသို့ ဝမ်းမြောက်သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.