Politics, Law & Military
တရုတ်နိုင်ငံ အလယ်ပိုင်း ၌ လူအများအပြားသတ်ခဲ့သူ လူသတ်သမားအား ဖမ်းဆီးရမိ
ချောင်ရှ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် တွင် လူခြောက်ယောက်အား သုံးရက်အတွင်း သတ်ခဲ့သည့် လူသတ်သမားအား ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က မျိုးရိုးအမည် နယ် ဟုခေါ်သည့် လူသတ်သမားသည် ဇန်နဝါရီလ ၁၅ရက်နေ့ က အမျိုးသမီး တစ်ယောက် အား အဓမ္မကျင့်ရန်ကြိုးစားသည့် ကျေးရွာခေါင်းဆောင် တစ်ယောက်အား သတ်ဖြတ်ခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့သည်။
ထို့အပြင် ၎င်းသည် ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ခင်းတွင် ဟန်ရှန်စီရင်စု အတွင်းနေ ဒေသခံ ရွာသား ကောင်းရန်ဟွား ၏ သား၊သမီး၊ တူနှင့် တူမ တို့ကို သတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူ လေးဦးစလုံး သည် ဆယ်ကျော်သက် အရွယ်များ ဖြစ်ကာ အငယ်ဆုံးမှာ ၁၃ နှစ် သာရှိသေးကြောင်း သိရသည်။
အသက် ၂၇ နှစ် ရှိပြီဖြစ်သော လူသတ်တရားခံသည် အသက် ၃၁ နှစ် အရွယ် ယုအမည်ရှိ အခြား ရွာသားတစ်ဦးကို လည်း သတ်ခဲ့သေးကြောင်း ဟူနန် ပြည်နယ်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာန ကပြောကြားခဲ့သည်။
နယ်အား ဇန်နဝါရီလ ၁၇ရက်နေ့ ၁၂း၂၀ နာရီ တွင် စီရင်စု အတွင်းရှိ အခြေခံ မူလတန်းကျောင်း အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအားဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော် ပါဝင်ခဲ့ရကြောင်း သိရသည်။ (Xinhua)