Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ဆော်ဒီအာရေဗျနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် အီရန်နိုင်ငံ များသို့ ချစ်ကြည်ရေးခရီးစဉ် စတင်

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် အီရန်နိုင်ငံ များသို့ ချစ်ကြည်ရေး ခရီးစဉ်စတင်ရန် ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ပေကျင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud၊ အီဂျစ် သမ္မတ Abdel-Fattah al-Sisi နှင့် အီရန် သမ္မတ Hassan Rouhani တို့က ချစ်ကြည်ရေး ခရီးစဉ် လာရောက် ရန် ဖိတ်ကြား ခဲ့ကြောင်း သိရသည်။

ရှီ နှင့် အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ မူဝါဒလေ့လာရေးရုံး ညွှန်ကြားရေးမှူး ဝမ်းဟူနင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး လီကျန်းရှူ နှင့် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲချီ တို့ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.