Politics, Law & Military
တရုတ်နိုင်ငံ ၏ ပထမဆုံး အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေအား အတည်ပြု
ပေကျင်း၊ဒီဇင်ဘာလ ၂၇ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ထိပ်သီး ဥပဒေရေးဆွဲသူများသည် ရှေးရိုးစွဲ အလေ့အထများအောက်၌ လူမသိသူမသိ အကြမ်းဖက် အနိုင်ကျင့် ခံနေရသူ များအား တရားဝင် ကာကွယ်ပေးနိုင်မည့် နိုင်ငံ၏ ပထမဆုံးသော အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင်သည့် ဥပဒေကြမ်း အား ဒီဇင်ဘာလ ၁၇ရက်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။
အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ၏ လစဉ် နှစ်ကြိမ်ကျင်းပမြဲ ဖြစ်သော ရက်သတ္တပတ် ၁ ပတ်ကြာ ဆွေးနွေးပွဲ အပြီး အဓိက အကြောင်းအရာဖြစ်သည့် မြေပြိုမှု ဖြစ်စဉ်ဆွေးနွေးမှု နှင့် အတူ အဆိုပါ ဥပဒေ အား ဒီဇင်ဘာလ ၂၇ရက်နေ့ နေ့လည် ၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဥပဒေသစ် အရ တရုတ်နိုင်ငံသည် အိမ်တွင်း အကြမ်းဖက်မှု မည်သည့် ပုံစံမျိုးကို မဆို ဆန့်ကျင် တားမြစ် သွားမည် ဖြစ်ပြီး ဥပဒေသစ်၌ အိမ်တွင်းအကြမ်းဖက်မှုများအား တရားဝင် သတ်မှတ်ထားကာ အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး အုပ်စုများ ၏ အကြံပြုချက်များကို ရယူ၍ ပိုမိုပြည်စုံ ကောင်းမွန်သော ဥပဒေ တစ်ရပ် ဖြစ်စေရန် ဆောင်ရွက်ထားကြောင်း သိရသည်။
မိသားစုဝင်များ မှ ရိုက်နှက်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း၊ နှုတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ ထပ်တလဲလဲ စော်ကား ပြောဆိုခြင်း၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့် အား အတင်းအကျပ် ပိတ်ပင်ခြင်း အစရှိသည့် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု များအား အိမ်တွင်း အကြမ်းဖက်မှု အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်း သိရသည်။ (Xinhua)