Connect with us

Politics, Law & Military

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် ကျူးဘားသို့ တရားဝင်ခရီးစဉ်ရောက်ရှိ

တရုတ်ဝန်ကြီးချုပ်လီခဲ့ချန်အား ကျူးဘား သမ္မတ Raul Castro နှင့်အတူတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာဗာနာ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာမြို့သို့ စက်တင်ဘာ ၂၄ရက်က တရားဝင်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လီ၏ ခရီးစဉ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ၅၆နှစ် အကြာ ၌ တရုတ်ဝန်ကြီးချုပ်အနေဖြင့် ကျူးဘားနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေး ခရီးစဉ် သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်းသိရသည်။ကျူးဘားနိုင်ငံတော်ကောင်စီ နှင့် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Raul Castro Ruz ၏ ဧည့်သည် အဖြစ် လီနှင့် ဇနီး ချန်းဟုန် အပါအဝင် တရုတ်နိုင်ငံမှ ထိပ်တန်းအရာရှိကြီးများ ဟာဗာနာမြို့သို့ရောက်ရှိလာကြောင်း သိရသည်။ခရီးစဉ်အတွင်း လီသည် Raul Castro နှင့် တွေ့ဆုံကာ တရုတ်-ကျူးဘား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာရေး အတွက်ဆွေးနွေးသွားမည့်အပြင် နည်းပညာများ၊ ပြန်လည်ဖွံ့ဖြိုးမြဲ စွမ်းအင်၊ စက်မှုလုပ်ငန်း နှင့် သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးမှုဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်များချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဟာဗာနာ တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Rafael Hernandez က လီ၏ ခရီးစဉ်သည် နှစ်နိုင်ငံ အကြား စီးပွားရေး နှင့် နိုင်ငံရေး ကိစ္စရပ်များအား မြှင့်တင်ရန် ပြီးပြည့်စုံသည့် အခွင့်အလမ်းတစ်ခုကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ ကျူးဘားနိုင်ငံ ၏ ဒုတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သကြား၊ ခရီးသွားလုပ်ငန်း နှင့် ဇီဝဆေးပညာ သုတေသနလုပ်ငန်းများတွင် အဓိက ပါဝင်ပတ်သက်နေကြောင်း သိရသည်။ကျူးဘားနိုင်ငံသည် လက်တင်အမေရိကတွင် တရုတ်နှင့် ပထမဆုံးသံတမန်ဆက်ဆံရေး ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နယူးယောက်မြို့တွင်ကျင်းပခဲ့သည့် ၇၁ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သို့တက်ရောက်ခြင်း နှင့် ကနေဒါနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ပြီးနောက် လီ၏ အမေရိကခရီးစဉ် နောက်ဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.