Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းတဲကျန်း၏ လေးနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်

ဖင်လန်-တရုတ် စီးပွားရေး ဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းသဲကျန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟဲလ်ဆင်ကီး၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)တရုတ်-ဖင်လန် နိုင်ငံ ဆက်ဆံရေးသည် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အမျိုးသား ပြည်သူ့လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ၊ အဆင့်မြင့် ဥပဒေပြု လွှတ်တော်အမတ် ကျန်းသဲကျန်း (Zhang Dejiang) က ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဖင်လန် နှစ်နိုင်ငံ ဥပဒေပြုလွှတ်တော်အကြား ဆက်ဆံရေး နှစ် ၆၀ ပြည့်နှစ်ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၅၀ ခုနှစ်နောက်ပိုင်း တရုတ် ဥပဒေပြုလွှတ်တော် အကြီးအကဲ တစ်ဦးအနေဖြင့် ဖင်လန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။

ဖင်လန်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း ကျန်းသဲကျန်းသည် ဖင်လန်နိုင်ငံ သမ္မတ Sauli Niinisto၊ ဝန်ကြီးချုပ် Juha Sipila ၊ ဖင်လန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Maria Lohela တို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ဆွေးနွေးခဲ့သလို ဖင်လန်-တရုတ် စီးပွားရေးဖိုရမ်၌လည်း မိန့်ခွန်းပြောကြားခဲ့သည်။

ကျန်းသည် အစ္စရေး၊ ပါလက်စတိုင်း၊ ဖင်လန်နှင့် ပြင်သစ်နိုင်ငံ အသီးသီး၏ လွှတ်တော် ဥက္ကဋ္ဌများ၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာလ ၁၉ ရက်မှ ၂၈ ရက်အထိ လေးနိုင်ငံ ခရီးစဉ် သွားရောက်နေခြင်း ဖြစ်သည်။

ကျန်းသည် စက်တင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၂၀၀၀ ခုနှစ် ဧပြီလနောက်ပိုင်း တရုတ်နိုင်ငံမှ အဆင့်မြင့် ခေါင်းဆောင် တစ်ဦး လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံ၌ ရှိနေစဉ်အတွင်း အစ္စရေး သမ္မတ Reuven Rivlin ၊ ဝန်ကြီးချုပ် Benjamin Netanyahu ၊ လွှတ်တော်အမတ် Yuli Edelstein တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ ခရီးစဉ်ပြီးနောက် ကျန်းသည် ပါလက်စတိုင်းသို့ သွားရောက်ခဲ့ကာ ပါလက်စတိုင်း ဝန်ကြီးချုပ် Rami Hamdallah နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ပြုလုပ်နိုင်ခဲ့သည်။

ပါလက်စတိုင်းနိုင်ငံအား ညီရင်းအစ်ကိုကောင်းနှင့် မိတ်ဆွေကောင်းဟု ခေါ်ဆိုထားပြီး တရုတ်-ပါလက်စတိုင်း သမိုင်းဝင် ဆက်ဆံရေးသည် တရုတ်-အာရပ် ဆက်ဆံရေးများနှင့် ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံပြကောင်း ဖြစ်ကြောင်း ကျန်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်းတွင် ရှိနေစဉ်အတွင်း ကျန်းသည် ပါလက်စတိုင်း ခေါင်းဆောင်ဟောင်း ယာဆာ အာရာဖတ်၏ အုတ်ဂူ၌ လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.