Connect with us

Politics, Law & Military

တရုတ်ဝန်ကြီးချုပ် အာရှဥရောပ ခရီးစဉ် စတင်ရန် ထွက်ခွာ

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်အား အစည်းအဝေးပွဲတစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် အာရှဥရောပ လေးနိုင်ငံသို့ သွားရောက်၍ နိုင်ငံတကာ အစည်းအဝေးပွဲများ တက်ရောက်ရန် နိုဝင်ဘာ ၂ရက် နံနက်ပိုင်းတွင် ပေကျင်းမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံများမှခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ ဝန်ကြီးချုပ်လီခဲ့ချန်သည် ကာဂျစ္စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ လတ်ဗီးယားနိုင်ငံ နှင့် ရုရှားနိုင်ငံများသို့ နိုဝင်ဘာ ၂ရက်မှ ၉ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

လီသည် ကာဂျစ္စတန်နိုင်ငံ သို့ရောက်ရှိစဉ်အတွင်း Bishkekမြို့တွင် ကျင်းပမည့် ၁၅ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ဝန်ကြီးချုပ်များ အစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်သည်။

ကာဇက်စတန်နိုင်ငံ မြို့တော် Astanaမြို့ကျင်းပမည့် သုံးကြိမ်မြောက် တရုတ်နိုင်ငံ နှင့် ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ်များ ပုံမှန်အစည်းအဝေးသို့ လည်း တက်ရောက်သွားမည်ဖြစ်သည်။

ထို့နောက် လီသည် လတ်ဗီးယားနိုင်ငံ မြို့တော် Rigaမြို့ တွင်ကျင်းပမည့် ငါးကြိမ်မြောက် တရုတ်နိုင်ငံနှင့် အလယ်ပိုင်း နှင့် အရှေ့ဥရောပ နိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

နောက်ဆုံးအစည်းအဝေးအဖြစ် လီသည် ရုရှားနိုင်ငံ St. Petersburg မြို့တွင် ကျင်းပမည့် ၂၁ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန်အစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.