Connect with us

Politics, Law & Military

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ တရုတ်နိုင်ငံပါဝင်မည်ဟု သမ္မတရှီ ပြော

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ပေကျင်းမြို့ ၌ ဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားရန် တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိကြောင်း နိုဝင်ဘာလ ၁ ရက်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် နယ်နိမိတ် ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံက လေးစားပါကြောင်း နှင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းဆောင်ရွက်မှုများ ဖြစ်နိုင်သမျှစောလျင်စွာ အောင်မြင်မှုရရှိစေရန် မျှော်လင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသများ၏ တည်ငြိမ်ရေး နှင့်လုံခြုံရေးကို အလေးထား ဂရုစိုက်ပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မကြာသေးမီ နှစ်များက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ၊ ကာလကြာရှည်စွာ တည်ရှိခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ၊ နှစ်ဖက်စလုံးအနေဖြင့် အခွင့်အလမ်း နှင့် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး ခိုင်မာစေရန် အဓိပါ္ပယ်ဖွဲ့ဆိုမှုအသစ်ကိုပေး၍ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားများကို ယူဆောင်လာပေးရမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ Xu Qiliang နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံစစ်ဖက်ဆက်ဆံရေး ခိုင်မာစွာ တည်ရှိနေခြင်းကို သမ္မတရှီက ချီးကျူး စကားဆိုခဲ့ပြီး ဒေသတွင်းတည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးတွင် နှစ်နိုင်ငံစလုံးအတွက် ဘုံအကျိုးဖြစ်ထွန်းစေမည့် ပူးတွဲကာကွယ်ရေး နှင့် လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်ရေး တို့ကို နှစ်ဖက်စလုံးက လုပ်ဆောင်သွားကြရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ လည်းဖြစ်သူ သမ္မတရှီက ဆိုသည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားရာတွင် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးခိုင်မာစေရေးမှာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း နှင့် နှစ်နိုင်ငံစစ်တပ်အချင်းချင်းကြား ချစ်ကြည်ရင်းနှီးစွာ ပူပေါင်းဆောင်ရွက်ခြင်းအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နယ်စပ်ဒေသများ တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံနှင့်လက်တွဲ လုပ်ဆောင်သွားရန် မြန်မာနိုင်ငံက အသင့်ရှိပါကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ Xu Qiliang သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုဝင်ဘာလ ၁ ရက် ညနေပိုင်းတွင် သီးခြားလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.