Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန်က ကိုလံဘီယာမြေပြိုမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ဧပြီ ၃ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ၌ ဧပြီလ ၁ ရက် ညပိုင်းကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများအတွင်း လူပေါင်းများစွာ အသက်သေဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းစာနာမိကြောင်း သဝဏ်လွှာ တစ်စောင်ကို တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကိုလံဘီယာနိုင်ငံသမ္မတ ဂျူအန်မန်နျူဆန်းတိုစ့်ထံ ဧပြီလ ၂ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရ နှင့် တရုတ်နိုင်ငံပြည်သူများကိုယ်စား ဝမ်းနည်းကြောင်း သဝဏ်လွှာကို သမ္မတရှီ၏ အမည်ဖြင့်ပေးပို့ခဲ့ခြင်းဖြစ်ပြီး မြေပြိုမှုအတွင်းအသက်သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲရကြောင်း နှင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှခံစားရပါကြောင်း သဝဏ်လွှာထဲတွင် ထည့်သွင်းရေးသားထားသည်။

တရုတ်နိုင်ငံပြည်သူများအနေဖြင့် ကိုလံဘီယာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွင် လိုအပ်သော အကူအညီများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း နှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ဖြည့်စွက်ဖော်ပြထားသည်။

ကိုလံဘီယာနိုင်ငံသမ္မတဆန်းတိုစ့် နှင့် ၎င်း၏အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ပြန်လည်တည်ဆောက်ရေး နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို ကိုလံဘီယာပြည်သူများအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မည်ကို ယုံကြည်ပါကြောင်း သမ္မတရှီ ကဆိုသည်။

ကိုလံဘီယာနိုင်ငံ Mocoa မြို့၌ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု နှင့် မြေပြိုမှုဖြစ်စဉ်အတွင်း အနည်းဆုံး သေဆုံးသူ ၂ဝ၇ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၂ဝ၂ ဦးထိ ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.