Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖင်လန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ၊ အမေရိကန်တွင် သမ္မတ ထရမ့်နှင့် တွေ့ဆုံမည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ဖင်လန်နိုင်ငံ သမ္မတ Sauli Niinisto တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယနေ့ (ဧပြီလ ၄ ရက်) နေ့လည်ပိုင်းတွင် ဖင်လန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အတွက် ပေကျင်းမှ ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မာ-အာ-လာဂို စံအိမ်တွင် ပြုလုပ်မည့် တရုတ်-အမေရိကန် သမ္မတများ တွေ့ဆုံပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဖင်လန်နိုင်ငံ သမ္မတ Sauli Niinisto နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ဖိတ်ကြားချက်များဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံသို့ ဧပြီလ ၄ ရက်မှ ၆ ရက်အထိလည်းကောင်း၊ အမေရိကန်သို့ ဧပြီလ ၆ ရက်မှ ၇ ရက်အထိလည်းကောင်း ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အစောပိုင်းတွင် ကြေညာခဲ့သည်။

သမ္မတ ရှီနှင့်အတူ သမ္မတ ကတော် ဖုန်းလိယွမ်၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ မူဝါဒ သုသေသန ညွှန်ကြားရေးမှူး Wang Huning ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဝန်ကြီးချုပ် Wang Yang ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးဋ္ဌာန အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး Li Zhanshu နှင့် နိုင်ငံတော် အတိုင်ပင်ခံ ယန်ကျဲ့ချီ တို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.