Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် အရည်အသွေးအား ပထမဦးစားပေးရန် တိုက်တွန်းပြောကြား

တရုတ်နိုင်ငံရှိ သင်္ဘောဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် အရည်အသွေးအား ပထမဆုံးဦးစားပေးပြီး စွမ်းဆောင်ရည်အား အဓိကထားဆောင်ရွက်သွားရန် အောက်တိုဘာ ၁၈ ရက် က တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံပေကျင်းမြို့ Great Hall ခန်းမ၌ ပြုလုပ်သော ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှု အဆင့်မှ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှု အဆင့်သို့ ပြောင်းလဲနေပြီဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ ယင်းပြောင်းလဲမှုအား စီးပွားရေးပုံစံ တိုးတက်ကောင်းမွန်စေရန် အတွက် အဓိကကျသည့် အဆင့်တစ်ခုအဖြစ် ခေါ်ဆိုနိုင်ပြီး စီးပွားရေးဖွဲ့စည်းပုံစနစ်ကို တိုးတက်ပြောင်းလဲစေကာ ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ပေးနိုင်မည့် တွန်းအားသစ်များဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်သမ္မတ က တရုတ်နိုင်ငံသည် ခေတ်သစ်စီးပွားရေးစနစ်ကို တည်ဆောက်နေ၍ ယင်းပြောင်းလဲမှု အဆင့်သည် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ပြီး ဖွဲ့စည်းပုံပြောင်းလဲမှုအတွက် အထောက်အပံ့ပေးမှုသည် အဓိကလုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ကြီးပွားမှုအတွက် ပိုမိုကောင်းမွန်သော အရည်အသွေး၊ မြင့်မားသော စွမ်းဆောင်ရည်၊ပိုမိုအားကောင်းသော တွန်းအားများ ရရှိရန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ရှီက ကုန်ထုတ်လုပ်မှု တိုးတက်လာစေရန် နှင့် နည်းပညာ အသစ်အဆန်းများ၊ ခေတ်သစ် ငွေကြေးစနစ် နှင့် လူသားအရင်းအမြစ်များရှိသော အစစ်အမှန်စီးပွားရေးစနစ် ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်မှု ကို မြှင့်တင်ပေးနိုင်သည့် စက်မှုလုပ်ငန်းစနစ်တစ်ခု တည်ဆောက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

၎င်းက ပိုမိုထိရောက်သော ဈေးကွက်စီးပွားရေး ယန္တရား၊ တိုးတက်ပြောင်းလဲနေသည့် မိုက်ခရိုစီးပွားရေးလုပ်ငန်းများနှင့် ကောင်းမွန်သည့် မက်ခရိုစည်းမျဉ်းစည်းကမ်းများရှိသော စီးပွားရေးစနစ်တစ်ခု ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းအားထုတ်သွားသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.