Connect with us

Politics, Law & Military

ဖွဲ့စည်းပုံဆိုင်ရာ ကြိုတင်သုံးသပ်ရန် CPC က လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတရှီပြော

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံတက်ရောက်လာကြသည့် ကိုယ်စားလှယ်များအားတွေ့ ရစဉ်(ဆင်ဟွာ)

အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာခြင်း နှင့်အတူ ဖွဲ့စည်းပုံဆိုင်ရာ ကြိုတင်သုံးသပ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခွင့်အာဏာ လုံခြုံရေး တို့ကို ဘက်ပေါင်းစုံကြည့်ရှု သုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယနေ့အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ အဖွင့် မိန့်ခွန်းတွင် သမ္မတရှီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မည်သည့်အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်တစ်ယောက်မျှ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဥပဒေကို ကျော်လွန်ဖောက်ဖျက်ခြင်း ပြုလုပ်၍ မရနိုင်ကြောင်း သမ္မတရှီက ဆိုသည်။

ရာထူးအာဏာရှိသော ဘယ်လူတစ်ဦးတစ်ယောက်မဆို ၎င်း၏ကိုယ်ကျိုးစီးပွားများအတွက် ဥပဒေအထက်တွင် နေထိုင်ပြုမူခြင်း ၊ ဥပဒေကို ချိုးဖောက်ခြင်း သို့မဟုတ် ဥပဒေကို မလျော်အသုံးချခြင်း စသည့် ပြုမူဆောင်ရွက်ချက်များကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှလုံးသားမှာ ရင်ဝယ်ပိုက်ပြီး တရုတ်ဆိုရှယ်လစ် စနစ်ရဲ့ တရားဥပဒေတွေကို မြှင့်တင်သွားရမှာဖြစ်ပါတယ်” ဟု ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.