Connect with us

Politics, Law & Military

တရုတ် ကုမ္ပဏီက စပိန် ကလပ်အား ဝယ်ယူ

တရုတ် ကုမ္ပဏီက စပိန်ကလပ် အသင်းအား ဝယ်ယူကြောင်း စာချုပ်ချုပ်ဆိုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ် ကုမ္ပဏီ တစ်ခုဖြစ်သော Rastar ဂရု(ပ်)က စပိန် BBVA Primera Liga ကလပ်အသင်းအား ဝယ်ယူ လိုက်ကြောင်း နိုဝင်ဘာလ ၂ ရက် က တရားဝင် ပြောကြားလိုက်သည်။

ဘာစီလိုနာ အခြေစိုက် ကလပ် အသင်း ဥက္ကဋ္ဌဟောင်း ဒန်နီစန်ချက်စ်က စပိန် အားကစားဂျာနယ် Diario AS သို့ အတည်ပြုပြောကြားခြင်း ဖြစ်ပြီး Rastar ဂရု(ပ်)အနေဖြင့် ကလပ်အသင်းအား ထိန်းချုပ်ရန်နှင့် အားကစား ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရန် ယူရို ၆၅ သန်း (အမေရိကန် ဒေါ်လာ ၇၂ သန်း) သုံးစွဲသွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

Rastar ဂရု(ပ်)သည် အရုပ်များနှင့် ဗီဒီယို ဂိမ်းများ ထုတ်လုပ်ခြင်း၌ နည်းပညာ နှစ်မြှုပ်ထားပြီး စတော့ခ်ဈေး ကွက် တန်ဖိုး ဒေါ်လာ ၃ ဘီလီယံခန့် ရှိပါသည်။

ကုမ္ပဏီသည် အဆိုပါ ကလပ် အသင်းအား ၁၀ ပွဲတွင် ၁၃ မှတ်ဖြင့် လက်ရှိ ရှိနေသည့် အလယ်အလတ် အဆင့်တွင် လက်လွှဲ ယူမည်ဖြစ်ပြီး စပိန်ဘောလုံး ကလပ် အသင်းများအား တရုတ် ကုမ္ပဏီများ စိတ်ဝင်စားမှု မြင့်လာကြောင်း ပြသလာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.