Connect with us

Politics, Law & Military

တရုတ် နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှုသည် ဒေသတွင်း ကုန်သွယ်ရေး အရှိန်မြှင့်တင်မှု၏ အဓိကသော့ချက်ဖြစ်ကြောင်း ယူအေအီး အရာရှိ ပြောကြား

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံမှ နိုင်ငံခြား ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်း ဌာန လက်ထောက် အတွင်းဝန် အဗ္ဗဒူလာ အာမက် အယ်-ဆာလတ် အားမြင်တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Trade – UAE)

ဒူဘိုင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ပင်လယ်ကွေ့ အာရပ်နိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုသည် အရှေ့အလယ်ပိုင်း၊ အာရှ ဥရောပနှင့် အာဖရိကနိုင်ငံများ အကြား ကုန်သွယ်ရေး အရှိန်မြှင့်တင်မှု ၏ အဓိက သော့ချက် တစ်ခုအဖြစ် ယုံကြည်ပါကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံမှ အကြီးတန်း ကုန်သွယ်ရေး အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

စီးပွားရေး ဝန်ကြီးဌာနရှိ နိုင်ငံခြား ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဌာန လက်ထောက် အတွင်းဝန် အဗ္ဗဒူလာ အာမက် အယ်-ဆာလတ် က တရုတ်သံရုံး နှင့် စီးပွားရေး ဝန်ကြီးဋ္ဌာန မှ ပူးတွဲပြီး ဒူဘိုင်းတွင် ကျင်းပသည့် နှီးနှောဖလှယ်ပွဲ၌ ၁၀၀ကျော်သော ယူအေအီးနှင့် တရုတ်မှ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိများ အား မိန့်ခွန်းပြောကြားစဉ်တွင် မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းက ယူအေအီးသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းစဉ်များအတွက် အချက်အချာ ကျသည့် ဗဟိုဋ္ဌာန တစ်ခုအနေဖြင့် လည်ကောင်း၊ တရုတ်နိုင်ငံ မှ ထုတ်ကုန်များ အတွက် အခြားနိုင်ငံများသို့ ကုန်စည် စီးဆင်းရာ ဂိတ်ပေါက်တစ်ခု အနေဖြင့်လည်းကောင်း ပြုမူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖိန် မှ ၂၀၁၃ခုနှစ် တွင် အကြံပြု တင်ပြခဲ့သည့် ပိုးလမ်းမကြီး အစပျိုးမှုသည် အရှေ့အာရှ မှသည် အရှေ့အလယ်ပိုင်း ဒေသများ၊ အာဖရိက နှင့် ဥရောပ ရှိ နိုင်ငံပေါင်း ၆၀ အကြား စီးပွားရေး အား ကောင်းလာစေရန် အရင်က မရှိခဲ့ဖူးသည့် အခွင့်အလမ်းများအား အပြန်အလှန် အကျိုးအမြတ် ရရှိစေရန် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသား ၃သိန်း နီးပါးသည် ယူအေအီး ၌ နေထိုင် အလုပ်လုပ်လျက်ရှိပြီး တရုတ်စီးပွားရေး လုပ်ငန်းပေါင်း ၄၀၀၀ ကျော် သည်လည်း ယူအေအီးတွင် မှတ်ပုံတင်ထားကြောင်း၊ တရုတ် အေဂျင်စီ ၂၄၉ ခုနှင့် တရုတ်ကုန် အမှတ်တံဆိပ် ၅၄၅၁ ကျော်သည် ယူအေအီး နိုင်ငံတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။

ရေနံ တင်ပို့မှု မပါဝင်သည့် နှစ်နိုင်ငံကြား ကုန်သွယ်မှု ပမာဏသည် ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၄.၆ ဘီလီယံ အထိရှိခဲ့ပြီး တရုတ်အနေဖြင့် ယူအေအီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ခဲ့ကြောင်း အဗ္ဗဒူလာ အာမက် အယ်-ဆာလတ် မှ ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍ ယူအေအီးတွင် ကမ္ဘာ့ ဆဋ္ဌမမြောက် အကြီးဆုံး ဆိပ်ကမ်း တည်ရှိပြီး ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး ပို့ကုန် တင်ပို့သည့် အချက်အချာ နေရာတစ်ခုဖြစ်ကြောင်း နှင့် ယူအေအီး အနေဖြင့် ပိုးလမ်းမကြီး အစပျိုးမှုအတွက် တရုတ်အား အဖက်ဖက် မှ အပြည့်အဝ ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)