Politics, Law & Military
တရုတ် ကွန်မြူနစ်ပါတီ အခြေခံဥပဒေကို လူမျိုးစု ဘာသာစကားများဖြင့် ထုတ်ဝေ

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
ပြန်လည် သုံးသပ်ပြင်ဆင်ထားသော တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ အခြေခံ ဥပဒေအား လူနည်းစု လူမျိုး ၇ စု၏ ဘာသာစကားများဖြင့် ထုတ်ဝေလိုက်ကြောင်း ထုတ်ဝေသူက နိုဝင်ဘာလ ၄ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ အခြေခံ ဥပဒေ စာအုပ်များအား မွန်ဂိုလီယား၊ တိဘက်၊ အူဂွာ၊ ကာဇက်၊ ကိုရီးယား၊ ယီ နှင့် ကျွမ်း စသည့် ဘာသာများဖြင့် ထုတ်ဝေခဲ့ပြီးကြောင်း၊ ယခုတွင် တစ်နိုင်ငံလုံးတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း Ehtnic Publishing House ထံမှ သိရသည်။အောက်တိုဘာလ ၂၄ ရက်တွင် စိစစ်တည်းဖြတ်ထားသော CPC အခြေခံဥပဒေအား ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံတွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)