Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ် အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်ရန် ဖိလစ်ပိုင်သို့ သွားရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဖိလစ်ပိုင်နိုင်ငံ သို့ သွားရောက်လည်ပတ်ပြီး မြို့တော် မနီလာမြို့တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် ၁၂ကြိမ်မြောက် အရှေ့အာရှထိပ်သီးညီလာခံ အဆင့်မြင့် အစည်းအဝေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က နိုဝင်ဘာ ၅ ရက်တွင် ပေကျင်းမြို့၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဟွာက ဝန်ကြီးချုပ်သည် မနီလာမြို့၌ ရှိနေစဉ်အတွင်း ၂၀ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များအစည်းအဝေး၊ ၂၀ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား (၁၀+၃) ခေါင်းဆောင်များအစည်းအဝေးများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဝန်ကြီးချုပ် လီခဲ့ချန်သည် ဖိလစ်ပိုင်သမ္မတ ရိုဒရီကို ဒူတာတေး၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံသို့သွားရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၁၇ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာကြောင်း သိရသည်။ (Xinhua)