Politics, Law & Military
တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် နှင့် ချက် သမ္မတ နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ ဆွေးနွေး
ပရာဂ့် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို အတွင်းရေးမှူး ဌာန အတွင်းရေးမှူး လျိုယွင်ဆန်း (Liu yunshan) က ဇူလိုင်လ ၁၈ ရက်နေ့၌ ချက် သမ္မတ နိုင်ငံ ပရာဂ့် မြို့ တွင် ချက်သမ္မတ နိုင်ငံ ဝန်ကြီးချုပ် Bohuslav Sobotka နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံ ဆွေးနွေးမှု အတွင်း လျိုယွင်ဆန်း က ချက်သမ္မတ နိုင်ငံ သည် တရုတ် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး တည်ထောင် သည့် အစောဆုံး နိုင်ငံ များအတွင်း မှ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြားတွင် နက်ရှိုင်းသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ လတ်တလော နှစ်ပိုင်း တွင် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ အကြား အနီးကပ် ဆက်ဆံရေး တည်ရှိပြီး နိုင်ငံရေး အရ အပြန်အလှန်ယုံကြည်မှု မှာလည်း အဆက်မပြတ် တိုးတက်မှု များ ရရှိခဲ့ကြောင်း ၊ အထူးသဖြင့် တရုတ် နိုင်ငံ သမ္မတ နှင့် ချက်သမ္မတ နိုင်ငံ သမ္မတ တို့တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် မဟာဗျူဟာ သဘောတူညီမှု များ ရရှိစေခဲ့ပြီး သမိုင်းတစ်လျှောက် နှစ်နိုင်ငံ ဆက်ဆံရေး အကောင်းမွန်ဆုံး ကာလ သို့ ရောက်ရှိအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ရေး နှင့် ယင်းဖော်ဆောင်မှု မူဘောင်အောက်ရှိ “16+1 ပူးပေါင်းဆောင်ရွက်မှု” တို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် အရေးပါသည့် အခွင့်အလမ်းများ ကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ၊ နိုင်ငံအနေဖြင့် ရှေ့ဆက်၍ မူဝါဒ ပိုင်းဆိုင်ရာ ဖလှယ်ရေး နှင့် ဖွံ့ဖြိုးရေး မဟာဗျူဟာ ချိတ်ဆက်မှု တို့ကို တိုးမြှင့် ဆောင်ရွက်သွားပြီး “ခေတ်သစ်ပိုးလမ်းမကြီး” မူဘောင်အောက် ရှိ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များမှ ပိုမိုများပြားသည့် အောင်မြင်မှုများရရှိစေကာ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက် သွားလို ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် လျိုယွင်ဆန်း က တရုတ် နိုင်ငံ နှင့် ချက် သမ္မတ နိုင်ငံ တို့တွင် ရှည်လျားသည် သမိုင်းယဉ်ကျေးမှု များတည်ရှိပြီး လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ တွင် ထင်ရှားသည့် ဆောင်ရွက်မှု များကို ပြုလုပ်ပေးခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ချက်သမ္မတ နိုင်ငံ နှင့် လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး ကို လွန်စွာ အလေးထားပြီး ချက်သမ္မတ နိုင်ငံ နှင့် အတူတကွ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်သွားပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။
Bohuslav Sobotka က လတ်တလော နှစ်ပိုင်းတွင် နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ လမ်းညွှန်မှု နှင့် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု အောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သည် တဟုန်ထိုး တိုးတက်လာခဲ့ပြီး အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း အများအပြား ဖော်ဆောင် နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ပူးပေါင်းဆောင်ရွက်မှု ၏ အသီးအပွင့်များကို လက်တွေ့ရရှိလာခဲ့ပြီး တရုတ် နိုင်ငံ နှင့် ချစ်ကြည်ရေး ၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆောင်ရွက်နေကြောင်း ၊ ချက်သမ္မတ နိုင်ငံ အစိုးရ အနေဖြင့် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု ကို တက်ကြွစွာ ပါဝင်ခဲ့ပြီး မူဝါဒ ဆိုင်ရာ အာမခံမှု နှင့် ဝန်ဆောင်မှု ပိုင်းကိုလည်း တိုးမြှင့် ဆောင်ရွက် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့မှ ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူး ကို ပိုမို ခံစားရရှိစေကာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အားအင်သစ်များကို ဖြည့်စွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)