Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် ရိုမေးနီးယား နိုင်ငံ သို့ တရားဝင် ချစ်ကြည်လည်ပတ်ရေး သွားရောက်

လျိုယွင်ဆန်း က "တရုတ်-အရှေ့ နှင့် အလယ် ဥရောပ နိုင်ငံရေး ပါတီ ဆွေးနွေးပွဲ" တွင် မိန်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ဘူခါရက် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ရိုမေးနီးယား နိုင်ငံ လူမှုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ Liviu Dragnea ၏ ဖိတ်ကြားချက်အရ တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင်၊တရုတ် ကွန်မြူနစ်ပါတီ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး လျိုယွင်ဆန်း (Liu yunshan) က ဇူလိုင်လ ၁၂ ရက်နေ့ မှ ၁၅ ရက်နေ့ အထိ ရိုမေးနီးယား နိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ် သွားရောက်ခဲ့ပြီး လူမှုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ Liviu Dragnea ၊ ရိုမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Mihai Tudose တို့နှင့် တွေ့ဆုံ့ကာ “တရုတ်-အရှေ့ နှင့် အလယ် ဥရောပ နိုင်ငံရေး ပါတီ ဆွေးနွေးပွဲ” သို့ တက်ရောက် ခဲ့သည်။

လျိုယွင်ဆန်း က Liviu Dragnea နှင့် တွေ့ဆုံစဉ် အတွင်း တရုတ် နိုင်ငံ နှင့် ရိုမေးနီးယား နိုင်ငံ အကြား ရိုးရာ ချစ်ကြည် ဆက်ဆံရေး ၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နှင့် နှစ်နိုင်ငံ ဘက်စုံ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေး သည် တိုးတက်ဖွံ့ဖြိုးမှု များ ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ မှ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု မှ တစ်ဆင့် ရရှိလာမည့် အခွင့်အရေးသစ် များကို ခိုင်မြဲစွာရယူရမည် ဖြစ်ကြောင်း ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ပြီး အနာဂတ်ချစ်ကြည်ရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပါတီ အကြား အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံရေး ထာရှိကာ နိုင်ငံအုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အတွေ့အကြုံ ဖလှယ်မှု ကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ပြီး လူငယ် နှင့် အမျိုးသမီး အဖွဲ့အစည်း များ ဖလှယ်ရေး ကို ဆောင်ရွက်ကာ နှစ်နိုင်ငံ နိုင်ငံရေး ချစ်ကြည်မှု နှင့် လူမှုရေး အရ ချစ်ကြည်မှု ကို ဖြည့်စွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟို အတွင်းရေးမှူး ဌာန အတွင်းရေးမှူး လျိုယွင်ဆန်း နှင့် ရိုမေးနီးယား နိုင်ငံ လူမှုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ Liviu Dragnea တွေ့ဆုံစဉ်(ဆင်ဟွာ)

Liviu Dragnea က ရိုမေးနီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ အကြား ဆက်ဆံရေး ကို လွန်စွာအလေးထားကြောင်း ၊ “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်သွားပြီး “16+1 ပူးပေါင်းဆောင်ရွက်မှု” အောက်တွင် လက်တွေ့အောင်မြင်မှု များရရှိအောင် အားအင်သစ်များ ဖြည့်စွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။လျိုယွင်ဆန်း က ရိုမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Mihai Tudose နှင့် တွေ့ဆုံစဉ် အတွင်း ရိုမေးနီးယား သည် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု လမ်းကြောင်း တစ်လျှောက်ရှိ အရေးပါသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု များမှ နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်း စေလိုကြောင်း ပြောကြားခဲ့သည်။ရိုမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Mihai Tudose က ရိုမေးနီးယား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့မှ “ခေတ်သစ်ပိုးလမ်းမကြီး” မူဘောင်အောက်ရှိ စီမံကိန်းကြီးများပူးပေါင်းဆောင်ရွက်ှု မှုကို မြှင့်တင်ပြီး အောင်မြင်မှု များ အမြန် ရရှိ စေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟို အတွင်းရေးမှူး ဌာန အတွင်းရေးမှူး လျိုယွင်ဆန်း နှင့် ရိုမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Mihai Tudose တွေ့ဆုံစဉ်(ဆင်ဟွာ)

ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် အတွင်း လျိုယွင်ဆန်း က မိန့်ခွန်းစကား ပြောကြားရာတွင် တရုတ် နိုင်ငံ ၌ “ခေတ်သစ်ပိုးလမ်းမကြီး” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီး နှီးနှောဖလှယ်ပွဲ ကို အောင်မြင်စွာ ကျင်းပ ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အရေးကြီး မိန့်ခွန်း ပြောကြား ခဲ့ပါကြောင်း ၊ တရုတ်-အရှေ့ နှင့် အလယ် ဥရောပ နိုင်ငံအကြား ရှည်လျားသည့် သမိုင်း အစဉ်အလာ ချစ်ကြည်ရေး နှင့် လက်တွေ့မိတ်ဆွေ ဆက်ဆံရေး တည်ရှိကာ “ခေတ်သစ်ပိုးလမ်းမကြီး” မူဘောင်အောက် တွင် ပူးပေါင်းဆောင်ရွက်မှု များကို တက်ကြွစွာ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။Liviu Dragnea နှင့် အရှေ့ နှင့် အလယ် ဥရောပ နိုင်ငံရေး ပါတီ ကိုယ်စားလှယ် များက မိန့်ခွန်းပြောကြား စဉ် အတွင်း တရုတ် နိုင်ငံ ၏ “ခေတ်သစ်ပိုးလမ်းမကြီး “ဖော်ဆောင်မှု ကို ထောက်ခံအားပေးကြောင်း ပြောကြား ခဲ့ကြသည်။တရုတ်နိုင်ငံ နှင့် အရှေ့ နှင့် အလယ် ဥရောပ နိုင်ငံ ပေါင်း ၁၆ နိုင်ငံ ရှိ ပါတီ ပေါင်း ၂၀၀ ကျော် ၏ ကိုယ်စားလှယ်များ ၊ ဒေသတွင်း အစိုးရ အဖွဲ့ဝင်များ ၊ လုပ်ငန်း ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၆၀၀ ကျော် က “တရုတ်-အရှေ့ နှင့် အလယ် ဥရောပ နိုင်ငံရေး ပါတီ ဆွေးနွေးပွဲ” ကို တက်ရောက် ခဲ့ကြသည်။(Xinhua)