Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာ့အဆင့် စစ်ဘက်ဆိုင်ရာ သုတေသန နှင့် စစ်ပညာသင် တက္ကသိုလ်များ တည်ဆောက်ရန် လမ်းညွှန်မှာကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပေကျင်းမြို့ ရှိ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) ၊ စစ်ဘက်ဆိုင်ရာ သိပ္ပံပညာတက္ကသိုလ် မှ တာဝန်ရှိသူတစ်ဦးအား ဇူလိုင်လ ၁၉ ရက်တွင် အောင်နိုင်ရေးအလံ အပ်နှင်းနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အဓိက စစ်ဘက်ဆိုင်ရာသုတေသန နှင့် စစ်ပညာသင်တက္ကသိုလ်များ အနေဖြင့် ပိုမိုအရည်အသွေးပြည့်ဝသော စစ်သည်တော်များကို မွေးထုတ်ပေးရန် နှင့် ကမ္ဘာ့အဆင့် စစ်ဘက်ဆိုင်ရာ သုတေသန နှင့် စစ်ပညာသင် တက္ကသိုလ်များဖြစ်ပေါ်လာအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်(CMC) ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီက ဇူလိုင်လ ၁၉ ရက်တွင် တရုတ်နိုင်ငံ၏ အဓိက စစ်ဘက်ဆိုင်ရာသုတေသန နှင့် စစ်ပညာသင်တက္ကသိုလ် တွင်ပြုလုပ်သည့် အခမ်းအနားတစ်ခု ၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၊ စစ်ဘက်ဆိုင်ရာ သိပ္ပံပညာတက္ကသိုလ်မှ စစ်ဖက်ခေါင်းဆောင်များအား အတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် တရုတ်စစ်တပ်မှ ထိပ်တန်းခေါင်းဆောင်များ ကို ပေကျင်းမြို့ရှိ CMC စစ်ဘက်ဆိုင်ရာ သိပ္ပံပညာတက္ကသိုလ်တွင်တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အခမ်းအနားတွင် သမ္မတရှီက စစ်ဘက်ဆိုင်ရာ တက္ကသိုလ် သုံးခု သို့စစ်တပ်အလံတော်များကို အပ်နှင်းပေးအပ်ခဲ့ပြီး ၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) က ချမှတ်ထားသော ဆုံးဖြတ်ချက်ဖြစ်သည့် CMC အနေဖြင့် တရုတ်ပြည်သူများ၏ အိပ်မက်ကို သဘောပေါက်သိမြင်ရန် နှင့် ကြံ့ခိုင်သန်စွမ်းသော စစ်တပ်ကို တည်ဆောက်ရန် လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။

တရုတ်သမ္မတရှီက စစ်ဘက်ဆိုင်ရာ သိပ္ပံပညာတက္ကသိုလ် အနေဖြင့် စစ်ဘက်ဆိုင်ရာ သိပ္ပံသုတေသန လုပ်ငန်းများကို ဦးစီးဦးဆောင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၊ စစ်ဘက်သုတေသန၏ လိုအပ်ချက်သစ်များကို ဖော်ထုတ်သင့်ကြောင်း နှင့် စစ်ဘက်ဆိုင်ရာ နည်းစနစ် နှင့် နည်းပညာများကို ပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကမ္ဘာ့အဆင့်စစ်ဘက်ဆိုင်ရာ သုတေသနတက္ကသိုလ် တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

“ ကမ္ဘာ့ဦးဆောင် စစ်တပ်ဖြစ်ဖို့PLA အနေနဲ့ ထိပ်တန်း စစ်တပ်အရည်အသွေး၊ နည်းစနစ် နဲ့သိပ္ပံ နဲ့နည်းပညာကို တည်ဆောက်သွားရမှာပါ ” ဟု ရှီက ဆိုသည်။ “ ခေတ်သစ် စစ်ပွဲတွေမှာ သိပ္ပံ နဲ့နည်းပညာ ဟာ တိုက်ခိုက်မှုစွမ်းရည်အတွက် သိပ်ကို အရေးကြီးပါတယ်” ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ်စစ်တပ် တာဝန်ရှိသူများသည် တိုက်ခိုက်ရေးစွမ်းရည်မြင့်မားစေရန် နှင့် ပိုမိုတောင့်တင်းသော စစ်တပ်ကို တည်ဆောက်ရန်အတွက် လွန်ခဲ့သော နှစ်များအတွင်း စစ်တပ်ပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်တစ်ရပ်အနေဖြင့် စစ်ဘက်ဆိုင်ရာပညာသင်တက္ကသိုလ်များကို တည်ဆောက်ခဲ့သည်။

ရလဒ်အနေဖြင့် ယခုအချိန်ထိ PLA ၏ အမျိုးသားကာကွယ်ရေးတက္ကသိုလ် နှင့် အမျိုးသား တပ်မတော်နည်းပညာတက္ကသိုလ် နှစ်ခုအပါအဝင် စစ်ဘက်ဆိုင်ရာပညာသင်ကျောင်းပေါင်း ၄၃ ကျောင်းကို CMC ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယင်းတို့အနက် စစ်ဘက်ဆိုင်ရာ အဓိကလေ့ကျင့်သင်ကြားရေးကျောင်း ၃၅ ကျောင်း နှင့် ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ၆ ကျောင်းပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.