Connect with us

Politics, Law & Military

တရုတ်-ဆူရီနိမ်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဆူရီနိမ်းနိုင်ငံသမ္မတ Desire Bouterse တို့ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံစစ်ဆေးစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ဆူရီနိမ်း နိုင်ငံ(Suriname) တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတစ်ခု အတွက် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရန် နိုဝင်ဘာ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဆူရီနိမ်းနိုင်ငံသမ္မတ Desire Bouterse တို့ တရုတ်နိုင်ငံပေကျင်းမြို့ မဟာခန်းမ၌ တွေ့ဆုံဆွေးနွေးပြီးနောက်တွင် အထက်ပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် သမ္မတရှီက ဆူရီနိမ်းနိုင်ငံသည် ကာရစ်ဗီယံဒေသ နိုင်ငံများတွင် တရုတ်နိုင်ငံနှင့်ပထမဆုံး သံတမန်ဆက်ဆံရေး ထူထောင်သော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း နှင့် နှစ်နိုင်ငံအကြား အရွယ်အစားအားဖြင့် ခြားနားမှုရှိလင့်ကစား တန်းတူညီမျှဆက်ဆံမှု နှင့် ချစ်ကြည်ရင်းနှီးဆက်ဆံမှု စံနှုန်းတစ်ခုဖြင့် အပြန်အလှန်ဆက်ဆံနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသော သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအား မြင့်မားသောအဆင့်သစ်တစ်ခုသို့ ဆွဲတင်ရန် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကို အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ဆုတ်ကိုင်ပြီး ဆူရီနိမ်းနိုင်ငံနှင့်အတူ လက်တွဲဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဇနီး နှင့် ဆူရီနိမ်းနိုင်ငံသမ္မတ Desire Bouterse နှင့် ဇနီးတို့ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ရှီက နှစ်နိုင်ငံအနေဖြင့် တစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဆိုင်ရာ အရေးကိစ္စရပ်များတွင် အပြန်အလှန် ထောက်ခံအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားသင့်ကြောင်း နှင့် ဆူရီနိမ်းနိုင်ငံတွင် တရုတ်ကုမ္ပဏီများပိုမိုရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားရန် တရုတ်နိုင်ငံက တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆူရီနိမ်းနိုင်ငံသည် ကာရစ်ဗီယံ ပင်လယ်ဒေသတွင် တရုတ်လူမျိုးများ အများဆုံး နေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်မှု နှင့် ပြည်သူအကြား အပြန်အလှန် ဖလှယ်မှုကို တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ပညာရေး နှင့် တရားဉပဒေစိုးမိုးရေး ဆိုင်ရာကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရမည်ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် ဆူရီနိမ်းနိုင်ငံသို့ ဆေးဘက်ပညာရှင်များ အဖွဲ့တစ်ခုကို စေလွှတ်သွားရန်လည်း ဆန္ဒရှိကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ဆူရီနိမ်းနိုင်ငံသမ္မတ Bouterse က တရုတ်နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း နှင့် သမ္မတရှီ၏ ဉီးဆောင်မှုအောက်တွင် ဆိုရှယ်လစ်စနစ်သည် တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာများနှင့်အတူ ဖော်ဆောင်မှုက တရုတ် နိုင်ငံသားများ နှင့် ကမာ္ဘ့ပြည်သူများအတွက် အကျိုးရလဒ်များကို ဆောင်ကြဉ်ပေးလိမ့်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

၎င်း၏ တရုတ်နိုင်ငံခရီးစဉ်သည် သမိုင်းဝင် နှင့် နိုင်ငံရေးအရ အလွန်အရေးပါသော ခရီးစဉ်တစ်ခုဖြစ်ကြောင်း Bouterse ကပြောကြားခဲ့ပြီး ဆူရီနိမ်းနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ဆုတ်ကိုင်ထားမည်ကို ထပ်လောင်းအတည်ပြုပါကြောင်း နှင့် တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းမှုကို ထောက်ခံအားပေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဆူရီနိမ်းနိုင်ငံအား တရုတ်နိုင်ငံက စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်အောင် ကူညီခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း နှင့် တရုတ်နိုင်ငံနှင့် အဆင့်အားလုံးတွင် အပြန်အလှန်ဖလှယ်မှုကို လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်ခိုင်မာမာထားရှိကြောင်း ၊ ပြည်သူအချင်းချင်းကြား အပြန်အလှန်ဖလှယ်မှု နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်သွားရန် နှင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ရပ်ဝန်းနှင့်ပိုးလမ်းမကို ပူးတွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ဆူရီနိမ်းနိုင်ငံသည် နိုင်ငံစုံပါဝင်မှုဝါဒ ၊ နိုင်ငံတကာဉပဒေ နှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း Bouterse ကဆိုသည်။

ဆွေးနွေးပွဲပြီးနောက် ပြုလုပ်သော  အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲများသို့ သမ္မတရှီ နှင့် သမ္မတ Bouterse တို့သည် အတူတကွ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.