Connect with us

Politics, Law & Military

တရုတ်-ရုရှား ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ခြောက်ကြိမ်မြောက်အစည်းအဝေး ကျင်းပ

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟန်ကျန့်(Han Zheng)နှင့် ရုရှားနိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ် Anton Siluanovအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်-ရုရှား ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ခြောက်ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၆ ရက်က တရုတ်နိုင်ငံပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟန်ကျန့်(Han Zheng)သည် ရုရှားနိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ် Anton Siluanovနှင့်အတူ အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

အစည်းအဝေးတွင် နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၏တိုးတက်မှုနှင့်အဓိက စီမံကိန်းဆောင်ရွက်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ဖွံ့ဖြိုးရေးမဟာဗျူဟာများနှင့် ချိတ်ဆက်ကာ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးရလဒ်သစ်များ ကို တွန်းအားပေးဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်-ရုရှား ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၆ ကြိမ်မြောက်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟန်ကျန့်(Han Zheng)က တရုတ်-ရုရှားနှစ်နိုင်ငံရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစွာဆောင်ရွက်ရာတွင် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ညှိုနှိုင်းဆောင်ရွက်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများ အကောင်အထည်ဖော် အတူ တွန်းအားပေး ဆောင်ရွက်သွားရန် သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်အတူဆုံးဖြတ်ထားဆုံးဖြတ်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ လက်တွဲကာ နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသော သဘောတူညီချက်များကို ဘက်စုံအကောင်အထည်ဖော် ဆောင်ရွက်ပြီး ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရည်အသွေးမြင့်ဖွံ့ဖြိုးရေးတွင် ပိုမိုများပြားသည့်လက်တွေ့ရလဒ်ကောင်းများရရှိစေရန် တွန်းအားပေး ဆောင်ရွက် သွားလိုကြောင်း ပြောကြားခဲ့သည်။

သိပံ္ပနည်းပညာ ဆန်းသစ်ဖန်တီးမှု ၊ ဒီဂျစ်တယ်စီးပွားရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍရေးဝန်ဆောင်မှု စသည့် ကဏ္ဍများတွင် နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်း ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပိုမိုတည်ငြိမ်မျှတပွင့်လင်းလွယ်ကူသည့် စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်တွန်းအားပေး တည်ဆောက်ဆောက်သွားကာ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံသူများ၏ တရားဝင်အခွင့်အရေးများကို ပိုမိုကောင်းမွန်သည့် အာမခံမှုရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ် Anton Siluanovကလည်း ယခုနှစ်ပိုင်းများတွင် ရုရှား-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရင်းနှီးမြုပ်နှံမှုပမာဏသည် အဆက်မပြတ် ကျယ်ပြန့်လာရာ အခြေခံအဆောက်အဦ၊ စွမ်းအင်၊ စိုက်ပျိုးရေး ၊ ဆေးဝါး၊ သိပံ္ပနည်းပညာ စသည်တို့တွင် ကြီးမားသည့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများတွင် အရေးပါသည့် တိုးတက်မှုများရရှိခဲ့ရာ ကျေနပ်အားရဖွယ်ကောင်းကြောင်း ၊ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ အဆင်ပြေလွယ်ကူစေမည့်နည်းလမ်းများကို လက်တွေ့အသုံးပြုပြီး ပိုမိုများပြားသောရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို ဖော်ဆောင်ရန် တွန်းအားပေးဆောင်ရွက်သွားကာ တရုတ်လုပ်ငန်းရှင်များ ရုရှားတွင် ရင်းနှီးမြုပ်နှံရာတွင် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်ပေးလိုကြောင်း ပြောကြားခဲ့သည်။ 

အစည်းအဝေးအပြီးတွင် ဟန်ကျန့်(Han Zheng)နှင့် Anton Siluanovတို့သည် တရုတ်-ရုရှား ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၆ ကြိမ်မြောက် အစည်းအဝေးမှတ်တမ်းအား လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.