Connect with us

Politics, Law & Military

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် နိုင်ငံ ခရီးစဉ်သည် သမိုင်းတွင် စေမည့် ချစ်ကြည် လည်ပတ်ရေး ခရီးဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ် ခဲ့သည့် ၁၄ ကြိမ်မြောက် “Lanting Forum” တွင် မိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား၏ ဖိတ်ကြားချက် အရ အမေရိကန် နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကို တက်ရောက် ခြင်းသည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်မြင်ခြင်း နှစ် ၇၀ ပြည့် နှစ်နှင့်လည်း တိုက်ဆိုင်နေသောကြောင့် သမိုင်းတွင် စေမည့် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ မှ စက်တင်ဘာလ ၁၆ က ပြုလုပ် ခဲ့သည့် ၁၄ ကြိမ်မြောက် “Lanting Forum” တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

ဝမ်ရိ မှ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အနေဖြင့် ယခု ပထမ ဆုံးအကြိမ် အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ်သည် တရုတ်-အမေရိကန် ချစ်ကြည် ဆက်ဆံရေး နှင့် ကမ္ဘာ့တည်ငြိမ် ဖွံ့ဖြိုးမှု ရရှိရေး တို့အတွက် အလွန်အရေးကြီးသော သမိုင်းတွင် စေမည့် လည်ပတ်ရေး ခရီးစဉ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် း၏ ယခု အမေရိကန် နိုင်ငံသို့ သွားရောက် လည်ပတ်မည့် ခရီးစဉ်သည် ယခင် နှစ်နိုင်ငံ ဆက်ဆံရေး အား ပြန်လည်သုံးသပ်မှု ဖြစ်စေရန် ၊ လက်ရှိ ဆက်ဆံရေး ကို တွေးခေါ်စဉ်စားကာ အနာဂတ် ဆက်ဆံရေးအား ကြိုတင် စီစဉ် နိုင်မည့် သမိုင်းဝင် အခွင့်အရေး တစ်ခု ဖြစ်ပေါ် စေခဲ့ကြောင်းကို လည်း ဝမ်ရိမှ ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိမှ တရုတ် နိုင်ငံသည် လက်ရှိချိန်တွင် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှု ရရှိရေး ကို ထိန်းသိမ်း နေသည့် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အတိတ်ကာလတွင် နိုင်ငံ တကာ နှင့် ပူးပေါင်းကာ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲ ဝင်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ပေး ခဲ့ကာ ကုလသမဂ္ဂ မူလအဖွဲ့ဝင် နိုင်ငံ နှင့် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ဖြစ်ခဲ့ကြောင်း ၊ လက်ရှိအချိန် တွင် တရုတ် နိုင်ငံ သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း နှင့် အစိုးရ အဖွဲ့အစည်း အားလုံးနီးပါး နှင့် ပူးပေါင်းမှု ရှိပြီး အပြည်ပြည် ဆိုင်ရာ စာချုပ် ပေါင်း အခု ၄၀၀ ကျော်တွင်လည်း ပါဝင် လက်မှတ် ရေးထိုး ထားနိုင်သည့် နိုင်ငံ တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ဝမ်ရိ မှ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် သည် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀)ပြည့် အခမ်းအနားကို တက်ရောက်ကာ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အသိုင်း အဝိုင်း နှင့် အတူတကွ လူသားမျိုးနွယ်စု ၏ ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိရေး အတွက် ခက်ခဲစွာ ဆောင်ရွက်ခဲ့မှု များကို အောက်မေ့ သတိရ အထိမ်းအမှတ် များပြုလုပ်ကာ တရုတ် နိုင်ငံ ၏ အရေးကြီး အပြည်ပြည် ဆိုင်ရာ ကိစ္စရပ် များတွင် ရပ်တည်မှု ၊ တရုတ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ မှ ဆောင်ရွက်သည့် အရေးကြီး ကိစ္စရပ် များကို ထောက်ခံ အားပေးမှု ၊ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေး အတွက် တရုတ် နိုင်ငံ ၏ တာဝန်ယူ ဆောင်ရွက်မှု များကို ထုတ်ဖော် ပြောကြား သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ နှင့် ကုလသမဂ္ဂ အတူတကွ ပူးတွဲ ကျင်းပသည့် “South-South Cooperation round table” အစည်းအဝေး တွင် သဘာပတိ အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ကုလသမဂ္ဂ နှင့် အတူ ကမ္ဘာ့အမျိုးသမီး ထိပ်သီး အစည်းအဝေး ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် သမ္မတ ရှီကျင့်ဖိန် မှ ကမ္ဘာ့လုံးဆိုင်ရာ ရာသီဥတု ပြောင်းလည်းမှု ပြဿနာ နှင့် ပတ်သက်သည့် အစည်းအဝေး များကို လည်းတက်ရောက်ကာ နိုင်ငံအသီးသီးနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကိစ္စရပ် နှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင် သွားမည် ဖြစ်ကြောင်း ကိုလည်း ဝမ်ရိ မှ ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.