Connect with us

Politics, Law & Military

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အမေရိကန် နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်သည်

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အမေရိကန် နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း ကြေညာချက် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက် လည်ပတ်မည် ဖြစ်ပြီး ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လုခန်းမှ ယနေ့တွင် တရားဝင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား၏ ဖိတ်ကြားမှုအရ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက် အတွင်း အမေရိကန်သို့ တရားဝင် ချစ်ကြည်ရေး လည်အပတ် ကြည့်ရှုမှု (State Visit) သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ဖိတ်ကြားမှု အရ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်အတွင်း အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ အမေရိကန် သို့ ယခင် သွားရောက်ခဲ့ဖူးသည့် ခရီးစဉ် မှတ်တမ်း နှင့် ယခု ခရီးစဉ်နှင့် ပတ်သက်သော ဗွီဒီယို မှတ်တမ်းများကို အောက်ပါလင့်ခ် များတွင် ကြည့်ရူနိုင်ပါသည်။

https://www.facebook.com/XinhuaNewsAgency/videos/vb.338109312883186/1132215883472521/?type=2&theater

https://xinhuamyanmar.com/videos/1231-2015-09-14-06-46-23

(ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.