Politics, Law & Military
တရုတ် နိုင်ငံတွင် ယာဉ်စည်းကမ်း ဖောက်ဖျက်သူများအား မီဒီယာများတွင် ဖော်ပြခြင်းဖြင့် အပြစ်ပေးမည်
ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် နွေဦးပွဲတော် အားလပ်ရက်တွင် ယာဉ်စည်းကမ်း ဖောက်ဖျက်သူများအား အများ သိစေရန် ကြေညာသွားမည် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က မတ်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ယာဉ်စည်းကမ်း ကြီးကြပ် ထိန်းသိမ်းရေးက ယာဉ်စည်းကမ်း ဖောက်ဖျက်သူများအား တရုတ်ရိုးရာ မီဒီယာများ နှင့် အွန်လိုင်းပေါ်တွင် ဖော်ပြပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ဖော်ပြရာတွင် စည်းကမ်း ဖောက်ဖျက်သူ၏ အမည်၊ ကားနံပါတ်၊ ပြစ်မှုအမျိုးအစား၊ ပြစ်ဒဏ် အမျိုးအစား နှင့် အဆိုပါ ကားများကို တင်သွင်းလာသည့် ကုမ္ပဏီ၏ အမည်တို့ပါဝင်မည် ဖြစ်ကြောင်း MPS က ပြောကြားခဲ့သည်။
MPS က အိမ်လိပ်စာနှင့် ဖုန်းနံပါတ်များကိုမူ ဖော်ပြသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ဆက်၍ ခရီးသည်တင်ကားများ၊ အန္တရာယ် ဖြစ်စေသည့် ဓါတုပစ္စည်းများ တင်ဆောင်လာသည့် ကားများ နှင့် ကျောင်းကားများကို မောင်းနှင်သူများအား ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနှင့်ပတ်သက်၍ အထူးဂရုစိုက်ရန် ပြောကြားထားပြီး ၎င်းတို့၏ စည်းကမ်း ဖောက်ဖျက်မှုများသည် အများပြည်သူများကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ (Xinhua)